Part-3

2.7K 276 12
                                    

ရှောင်းကျန့်မျက်နှာမှာအဝတ်မဲတစ်ခုစွပ်ခံလိုက်ရပြီး ဝေါယာဉ်လို့ထင်ရတဲ့လှည်းပေါ်တင်တာခံလိုက်ရတယ်။ ရှောင်းကျန့်က ရုန်းနေပေမယ့်အရာမရောက်ဘူး။ လက်ပြန်ကြိုးပါချည်ထားတာ။ အဲ့အချိန်မှာပဲရုတ်တရက် ဝေါယာဉ်က တစ်ခုခုနဲ့တိုက်မိသွားတယ်။ ရှောင်းကျန့်အထဲမှာအီသွားပေမယ့် သတိတော့လစ်မသွားခဲ့ဘူး။ တိုက်ခိုက်သံအချို့ကို လည်းသူကြားနေရတယ်။ ငမူးဘုရင်က လူနည်းစုပဲခေါ်လာပုံပေါက်တယ်။ အခုသူစိုးရိမ်နေတာက သူ့အဖေနဲ့ အပေါင်းဖေါ်တွေ။ သူတို့တော်လှန်ရေးကြီးပျက်သွားပြီလား။ အဲ့ခါကြရင် သူ့မိသားစုလည်းမလွယ်ဘူး။

"အ့.."

အဲ့အချိန်မှာပဲ သူ့ဝေါယာဉ်ကိုမြင်းနဲ့ အားပြင်းပြင်းဆွဲယူတာခံရပြန်တယ်။

"မင်းဘယ်သူလဲ......"

စကားသံတော့ပြန်မလာပေ။ တစ်နေရာရောက်တော့သူ့ကို ‌ဝေါယာဉ်ထဲကထုတ်ပြီး မြင်းပေါ်တင်ခံကပြန်တယ်။ သူကအခုမြင်းသမားရင်ခွင်ထဲမှာ။ ဘယ်သူများလဲသိလိုစိတ်နဲ့စမ်းကြည့်ပေမယ့် ရင်အုပ်မာမာကျယ်ကျယ်ကြီးကလွဲပြီးကျန်တာ မခန့်မှန်းနိုင်ပေ။

"မင်းဘယ်သူလဲ။ ဘယ်သူလဲလို့ငါမေးနေတယ်။"

အသံပြန်မလာပုံထောက်ရင် နောက်တစ်ခါပြန်ပေးဆွဲခံရတာသေချာပြန်ပြီ။

ရင်ဘက်မာမာကြီးရဲ့နှလုံးခုန်သံတွေကမြန်ဆန်ပြီး အပြင်ကနေပါကြားနေရတယ်။ လက်တစ်ဖက်က မြင်းဇာတ်ကြိုးကိုထိန်းထားတာဖြစ်လိမ့်မယ်။ နောက်လက်တစ်ဖက်ကတော့ သူ့ခါးမှာထိန်းကိုင်ထားတယ်။ မသတီပေမယ့်ပြုတ်ကျမှာစိုးလို့ ငြိမ်နေရတယ်။ သူတို့သွားနေတာက တောနက်တစ်နေရာဖြစ်လိမ့်မယ်။ တဖြည်းဖြည်းအေးလာတယ်။ မကြာခင်တော့ မြင်းကပြေးနေရာမှရပ်တန့်သွားတယ်။ သူ့လက်ကကြိုးကို‌ ဖြေပေးပြီး ခေါင်းမှာစွတ်ထားတဲ့ အဝတ်မဲကိုလည်းချွတ်ပေးလိုက်တော့ မီးတုတ်ကိုင်ထားတဲ့လူကိုတွေ့လိုက်တယ်။ အဲ့လူကိုတွေ့တွေ့ချင်းပဲ

"မင်း ဘာလို့ငါ့အိမ်တော်နားမှာရှိနေသေးတာလဲ။ ငါ့စကားကိုနားမထောင်တာလား။ ဝမ်ရိပေါ်။"

My Adorer ( Completed )Where stories live. Discover now