ရိပေါ်နိုးလာတော့ ပေါ့ပါးနေတယ်။ မနေ့ညက သေချာပေါက်အိမ်ပြင်မှာဝက်ဝံအရေခွံခြုံအိပ်ခဲ့တာ။ ခုလည်း ဝက်ဝံအရေခွံကိုခြုံအိပ်နေတုန်းပဲ။ ဒါပေမယ့် အိမ်ပြင်မှာမဟုတ်ဘူး။ ပြီးတော့ သူ့ကိုကျောခိုင်းအိပ်နေသူ
*သ သခင်လေး*
ရိပေါ်အပျော်လုံးစို့ပြီး ထအော်ချင်စိတ်တောင်ပေါက်တယ်။ သခင်လေးက သူနဲ့အတူကပ်ပြီးအိပ်နေတယ်တဲ့လား။ ပြီးတော့ ပွစာကျဲနေတဲ့ မြေခွက်တွေကြောင့် သခင်လေး သူ့ကိုအဖျားကျအောင်ဂရုစိုက်ပေးခဲ့တာပဲဆိုတာသိလိုက်တယ်။ ရိပေါ်ရင်ထဲမှာကြည်နူးပိတိလေးတွေ တရိပ်ရိပ်တတ်လာပြီး အနောက်ကနေ ရှောင်းကျန့်အနံ့လေးကိုခိုးရှုနေတယ်။
ဘာအမွှေးနံ့သာမှ မသုံးထားတဲ့သူ့ပင်ကိုယ်အနံ့လေးကစွဲမက်စရာပဲ။ ရိပေါ်ပထမဆုံး သူ့အနံ့လေးကိုရဖူးတာဖြစ်တယ်။"အား.....ကျွတ်ကျွတ်"
ရှောင်းကျန့်အော်သံကြောင့်ရိပေါ် ချက်ချင်းထကာ ရှောင်းကျန့်အရှ့မှာဒူးထောက်လိုက်တယ်။
"သခင်လေး....တောင်းပန်ပါတယ်။"
"အရိုးတွေလွဲကုန်ပြီလားမသိဘူး။ သေတော့မှာပဲ။ ကျဉ်းကျပ်လိုက်တာ။ တစ်ညလုံးဒုက္ခတွေကြီးပဲ။"
"နောက်မဖြစ်စေရပါဘူး။ သခင်လေး။"
"တော်တော်ဒုက္ခပေးတဲ့ကောင်။"
"တော်တော်လေး ပင်ပန်းခဲ့မှာပဲ။ ကျွန်တော့်အသက်ကို သခင်လေးကယ်ပေးလို့ကျေးဇူးတင်တယ်။"
"ကျေးဇူတင်စရာမလိုဘူး။ ငါမင်းကိုအသုံချဖို့လိုအပ်သေးလို့။"
ခုနကပျော်နေတာလေးတွေဘယ်ပျောက်သွားမှန်းမသိပဲရိပေါ်မျက်နှာလေးညိုးသွားတယ်။
"အဟမ်း...မနက်စာမရှာသေးဘူးလား။"
"ဟုတ်ကဲ့ သခင်လေး။ ဒါနဲ့ဒီနေ့ကျွန်တော့်အဖေကို သွားရှာမလို့။"
"မင်းအဖေကိုရှာပြီး ဘာလုပ်မှာလဲ။ မင်းအဖေလည်း ငမွဲပဲမဟုတ်လား။ သူမွဲလို့မင်းခုလိုဘဝနဲ့နေရတာလေ။"
"အနည်းဆုံးတော့ အလုပ်ဖြစ်ဖြစ်နေစရာဖြစ်ဖြစ်ရမှာပဲလေ။ သခင်လေးကိုကျွန်တော်ဒီအတိုင်းမထားနိုင်ဘူး။"