သခင်ကြီးက အားမေနဲ့ဝမ်ရိပေါ်ကိုစေ့စပ်ပေးဖို့ ညွှန်ကြားလာတယ်။ သခင်ကြီးကိုယ်တိုင်က လုပ်ပေးတဲ့စေ့စပ်ပွဲဖြစ်ပြီး သူတို့အတွက် ကျွန်ဘကလွတ်မြောက်မယ့် အခွင့်ရေးလည်းရှိတယ်။ ဒါပေမယ့် ရိပေါ်မှကျွန်ဘဝက မလွတ်ချင်တာ။ အားမေဆိုတာကလည်း ငယ်ငယ်တည်းကမောင်နှမလိုခင်နေတဲ့သူမျိုး။
"သခင်ကြီးကငါတို့ကိုအပြစ်မပေးတာ ကံကောင်းတယ်ရိပေါ်။ မင်းက မင်းမိသားကို ကယ်တင်ရုံတင်မကဘူး။အားမေတို့မိသားစုကိုလည်း ကယ်တင်ရာရောက်တယ်။"
အဲ့လိုပြောတော့ စကားနည်းတဲ့ရိပေါ်က ခပ်တိုးတိုးလေးပြောလာတယ်။
"အားမေနဲ့ မစေ့စပ်ချင်ဘူး။"
"အခု မင်းမှာရွေးချယ်ပိုင်ခွင့်မရှိဘူးနော်။"
ရိပေါ်က မှိုင်တွေနေတယ်။ အဲ့ချိန်မှာအားမေရောက်လာပြီး
"ရိပေါ်။ ငါနင့်ခံစားချက်ကိုနား လည်တယ်။"
"ငါမလုပ်ချင်ဘူး။"
"မလုပ်ရင်နင်အသေခံမလို့လား။ နင်တစ်ယောက်တည်းသေမှာမဟုတ်ဘူးနော်။"
ရိပေါ်စကားဆက်မပြောတော့ဘူး။ သူစိတ်အခြေနေမကောင်းတာမို့ အားမေလည်းပြန်သွားခဲ့တယ်။
ရိပေါ်ခေါင်းငိုက်စိုက်ကျနေချိန် သူ့ရှေ့မှာလာရပ်တဲ့ခြေထောက်တစ်စုံကြောင့် သူ့ခေါင်းဟာဆက်ကနဲထောင်လာတယ်။ သူ့ရှေ့မှာ သစ်လွင်တောက်ပနေတဲ့ သခင်လေးကဒီအလုပ်သမားတန်းလျားနဲ့ လုံးဝကိုပနံမသင့်ဘူး။ ရိပေါ်ကပြာပြာသလဲ သူ့ရှေ့မှာဒူးထောက်ပြီး"သ သခင်လေး။ ဘာလို့ဒီနေရာထိလာတာလဲ။ ကျွန်တော့်ကိုခေါ်လိုက်ရောပေါ့။"
ရှောင်းကျန့်က ခပ်မဲ့မဲ့ပြုံးတယ်။
"စေ့စပ်ပွဲကိုသဘောကျရဲ့လား။"
ရိပေါ်ခေါင်းခါတယ်။
"ငါစီစဉ်ပေးတာကို မင်းကသဘောမကျဘူးပြောရဲတယ်ပေါ့။"
"သ သခင်လေးစီစဉ်ပေးတာလား။"
"ဒါပေါ့..."
ရှောင်းကျန့်ကပြုံးလျှက် ပြောတော့ရိပေါ်အကြာကြီးငေးကြည့်နေမိတယ်။ ပြီးတော့မှ သတိပြန်ကပ်လိုက်ပြီး