ရှောင်းကျန့် မိန်းကလေးတွေနဲ့အတူ မြက်နှုတ်သန့်ရှင်းရေးလုပ်ဖို့လိုက်သွားတယ်။ မနေ့ညကအရှိန်ကြောင့် လူကနဲနဲညောင်းနေသလိုခံစားရတယ်။ မိန်းကလေးတွေကအချင်းချင်း စကားစမြည်ပြောကြရင်း ရှောင်းကျန့်ကို တစ်ချက်တစ်ချက်ကြည့်တယ်။ ရှောင်းကျန့်မျက်နှာလေးဖြူဖျော့နေတာကိုသူတို့သတိထားမိတယ်။ ဒါကြောင့်ရွယ်ရွယ် က မဝံ့မရဲ့ရှေ့ကိုတိုးလာပြီး
"ရှောင်းကျဲကျဲ ဟိုနေ့ကကိစ္စအတွက်တောင်းပန်ပါတယ်နော်။"
ရှောင်းကျန့်သူ့ကို တစ်ချက်ကြည့်ကာ နှဖူးကချွေးလေးကိုသပ်တင်လိုက်ပြီး
"ရပါတယ်။"
ရွယ်ရွယ်ကပြုံးလိုက်တယ်။
"ရှောင်းကျဲက အရမ်းချောတာပဲ။ ပြီးတော့အော်မထုတ်လို့လည်းကျေးဇူးတင်ပါတယ်။"
"ငါကအဲ့လိုလူမျိုးမဟုတ်ပါဘူး။ ဒါပေမယ့်ငါ့ယောက်ျားနဲ့ပတ်သတ်လာရင် ငါ့စိတ်ကထိန်းမရဘူးဖြစ်သွားတယ်။"
"ဒါပေါ့။ ညီမကသာ သူများလင်မယားကြားဝင်ပါမိတာ။ အပြစ်မယူလို့ကျေးဇူးတင်ပါတယ်။"
ရှောင်းကျန့် ပြုံးပြပြီးအလုပ်ကိုဆက်လုပ်နေတယ်။ ရွယ်ရွယ်သူ့ကို အကြာကြီးငေးကြည့်နေမိတယ်။ အနီးကပ်ကြည့်မှ တစ်ကယ်ကိုချောတာ။ တစ်ကယ်အလှလေး။ဒါ ကြောင့်လည်း ရိပေါ်ကောက ဖူးဖူးမှုတ်ထားတာ။
ဒီရွာမှာ ရွယ်ရွယ်က ကြည့်အကောင်းဆုံးမိန်းကလေးလို့ပြောလို့ရတယ်။ တော်တော်များများ အမျိုးသမီးတွေက ဝဝဖိုင့်ဖိုင့်နဲ့အသားပတ်နေသလို ဖြူညစ်ညစ်အသားရေရှိတယ်။ ရွယ်ရွယ်ကတော့ မျက်လုံးလေးမှေးတာကလွဲပြီး ကျန်တာဆိုးဆိုးရွားရွားမရှိဘူး။ ဒါပေမယ့်ရှောင်းကျန့်နဲ့ယှဉ်ရင် ဆီနဲ့ရေလိုပဲ။
"ဟေး......အမျိုးသမီးလေးတွေ။"
အသံလာရာကို လှည့်ကြည့်လိုက်တော့ နန်းတွင်းရဲမက်ဝတ်စုံနဲ့လူတစ်ယောက်။ သူကရိုးရိုးရဲမက်တစ်ယောက်ဆိုတာ နန်းတော်နဲ့အကျွမ်းဝင်တဲ့ ရှောင်းကျန့်ကကြည့်တာနဲ့သိတယ်။
"မင်းရှိမှ ရှိပါ့မလားလို့။"
သူကရွယ်ရွယ်ဆီ ချည်းကပ်လာတာဖြစ်တယ်။