Part-9

2.6K 227 18
                                    

အိမ်လေးထဲမှာ ဖယောင်းတိုင်မီးလေးထွန်းထားပြီး ရှောင်းကျန့်က မအိပ်သေးတာကြောင့် ရိပေါ်ကပါထိုင်နေတယ်။ ရှောင်းကျန့်က စာအုပ်တစ်အုပ်ကိုဖတ်နေတာဖြစ်ပြီး ရိပေါ်ကတော့ကျုံ့ကျုံ့လေးထိုင်ကြည့်နေတယ်။ ရိပေါ်ရဲ့ ငမ်းငမ်းတတ်အကြည့်တွေကို ရှောင်းကျန့်လျစ်လျူရှုနိုင်နေပြီ။ ရိပေါ်က ကိုယ်တိုင်မသိပါပဲ ရှောင်းကျန့်ကိုအမြဲ သဘောတကျငေးမောနေတတ်တယ်။ ရှောင်းကျန့် စာအုပ်လေးကိုပိတ်လိုက်တော့ ရိပေါ် ခေါင်းလေးငုံ့သွားတယ်။

"မင်းနဲ့ငါက မင်္ဂလာဆောင်တော့မှာဆိုတော့ ငါတို့အတူအိပ်ရမှာပေါ့။"

"အဲ့ အဲ့လိုမလုပ်လည်းရပါတယ်။ ပါးက ပတ်ဝန်းကျင်‌ကြောင့်သာ..."

"အဟက် ဘာဆင်ခြေတွေလဲ။ မင်းတို့လိုလယ်သမားနဲ့ အစေခံ သားအဖနှစ်ယောက်က ငါ့ကိုလှည့်စားနိုင်မယ်ထင်လား။"

"သ သခင်လေး။"

ပါးရဲ့အကြံကို သခင်လေးကသိနေတယ်။

"သ သခင်လေးလက်မထပ်ချင်လည်း ရပါတယ်။ ကျွန်တော်....."

"ထားလိုက်ပါ။ မင်းအဖေက အဖေကောင်းပဲ ။သားလိုချင်တာကိုကောင်းကောင်းသိပြီး ဖြည့်ဆည်းပေးဖို့သတ္တိရှိတယ်။"

ရိပေါ်ကျလာတဲ့မျက်ရည်တွေကို လက်ခုံနဲ့ပွတ်သုတ်လိုက်တယ်။

"မင်းအဲ့လိုအမြဲငိုနေကျလား။"

ရိပေါ်ခေါင်းခါတယ်။

"ပျော့ညံ့တဲ့ယောက်ျားတွေဆိုငါသိပ်မုန်းတယ်။"

ရိပေါ် သူ့မျက်ရည်တွေကို ထပ်ကျမလာအောင် တားစီးပစ်လိုက်တယ်။ သခင်လေးကို သူညာလို့မရဘူး။ သခင်လေးကပညာတတ်။ ပြီးတော့သူဖုန်းကွယ်နိုင်မှာလည်းမဟုတ်တော့ဘူး။

"သ သခင်လေး"

မဝံ့မရဲလုပ်နေသူကိုရှောင်းကျန့် ပေစောင်းစောင်းကြည့်နေတယ်။

"ကျွန်တော် သခင်လေးကိုချစ်တယ်။"

"ဘာ...."

"အရမ်းချစ်တယ်။ "

"မင်း...."

ရှောင်းကျန့်လက်ရွယ်မိလိုက်ပြီး ပြန်ချထားလိုက်တယ်။

My Adorer ( Completed )Where stories live. Discover now