အိမ်ထဲမှာ ဆံပင်ဖါးလျားချထားတာကိုမသိမ်းရသေးပဲ ငူငူကြီးရှောင်းကျန့်ထိုင်နေတယ်။ ရိပေါ်အိမ်ထဲဝင်လာတော့ အဲ့ဒီပုံကိုမြင်ပြီး ထိတ်လန့်သွားတယ်။
"သခင်လေး ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော် သခင်လေးကိုအကောင်းဆုံး လုပ်ပေးချင်ပေမယ့် ဒုက္ခတွေပဲပေးနေမိတယ်။"
ရှောင်းကျန့်က ရိပေါ်ကိုမကြည့်ပဲ တစ်နေရာတည်းကိုငေးနေရင်း ပါးစပ်က မပီမပြင်ဖြင့်
"ဘာလို့လဲ။"
"........"
"ဘာလို့ငါ့ဘဝက နေ့ချင်းညချင်း အမှောင်ထဲရောက်သွားတာလဲ။"
"သခင်လေး။"
"ငါ့အဖေက ပညာရေးရာ အမတ်ကြီး။ ငါကကြီးလာရင် ငါ့အဖေရဲ့အမွေကို ဆက်ခံရလိမ့်မယ်လို့ထင်ခဲ့တာ။ ခုက....ခုကဘာလဲ။"
"သခင်လေး။ ဒီပြသနာကိုကျွန်တော်ဖြေရှင်းပေးပါမယ်။"
အဲ့လိုပြောတော့ ရှောင်းကျန့်ကမော့ကြည့်လာတယ်။
"ဘယ်လိုဖြေရှင်းမှာလဲ။ တောထဲမှာသွားပြန်နေမှာလား။ ပြန်ပြီးအဖမ်းခံရမှာလား။ မင်းရဲ့မိန်းမလုပ်ရမှာလား။ "
"........"
"မင်းဒီထက်ပိုပြီး ဘာအစီစဉ်မှ မလုပ်တတ်တော့ဘူးလား။ မင်းနေရာမှာသာ ဟန်ကောဆို ဒီထက်ပိုကောင်းတဲ့အစီစဉ်ရှိမှာပဲ။ "
ဟန်ကောဆိုတာ သူ့ရဲ့ဝမ်းကွဲအစ်ကို ကိုပြောနေတာ။
"တောင်းပန်ပါတယ်။ ကျွန်တော်အသုံးမကျဘူး။"
"မင်းကဘာလို့တောင်းပန်တာလဲ။"
"ကျွန် ကျွန်တော်။"
"မင်းကဘာမို့လို့တောင်းပန်နေတာလဲ။"
"ဘာ ဘာလို့ဆိုတော့..."
"......."
"ကျွန်တော်က အစေခံမို့လေ။"
ရှောင်းကျန့် မျက်လွှာချပြီး မျက်ရည်ကျလာတယ်။
"ငါက အခုချိန်မှာဘာမှ မဟုတ်ဘူး။မင်းလိုအစေခံကိုတောင်မှီခိုနေရတယ်။ ငါ့ဘဝအောက်ဆုံးမှာပဲ။"
ရှောင်းကျန့်မျက်ရည်ကျနေတာ ရိပေါ်ရင်ထဲဓားနဲ့မွှန်းသလိုပဲခံစားရတယ်။ သူရှောင်းကျန့်ရဲ့ဆံနွယ်လေးတွေကို မရဲတရဲ နားရွက်အနောက်ကို သပ်တင်လိုက်တယ်။ ရှောင်းကျန့်ကတော့ သူ့မျက်နှာကမျက်ရည်ကိုသာသဲကြီးမဲကြီးသုတ်နေတယ်။