Part.1

7.5K 118 0
                                    

Unicode

''မိဖွဲ့ ဟဲ့ လွမ်းဖွဲ့တေး''

အိမ်ရှေ့ဆီမှတေးရဲ့အသံကြောင့်ဖွဲ့ဖိနပ်လေးတစ်ရံကိုကိုင်ကာအပြေးအလွှားရောက်လာပြီးသူမရှေ့ချပေးကာ

''ရပြီ နည်းနည်းပါးပါးလေးတော့စောင့်မှပေါ့''

''နင်ကအမြဲလှုပ်စိလှုပ်စိမို့အော်ခေါ်ရတာဟေ့''

ပြောနေရင်းနဲ့တေးရဲ့လက်ထဲကဖုန်းလေးကမြည်လာ၍သူမကဖွဲ့ဘက်လှည့်၍

''ငါ့ကိုဖိနပ်စီးပေးစမ်း ငါဖုန်းပြောမလို့''

ဖွဲ့ စိတ်ကိုအတင်းဆွဲဆန့်ထားရတဲ့ရုပ်လေးနဲ့တေးရှေ့ဆောင့်ကြောင့်ထိုင်ချပြီးတေးရဲ့ခြေထောက်လှလှလေးအားဆွဲယူလိုက်၏။

ဖုန်းပြောနေတဲ့တေးကတော့သူ့ဘာသာအလုပ်တွေရှုပ်ပြီးဖိနပ်စီးပြီးတာနဲ့တစ်ပြိုင်တည်းကားပေါ်အမြန်ပြေးတက်သွားလေတော့သည်။

ကျော့ကျော့မော့မော့လေးနဲ့ဖေဖေ့အလုပ်တွေကိုဦးစီးနေနိုင်ပြီဖြစ်သောတေးအား ဖွဲ့အားကျရပါ၏။
တစ်နေ့တည်းတစ်ချိန်တည်းမွေးတာချင်းအတူတူကုသိုလ်ကံချင်းကွာတော့တေးကထက်ထက်မြတ်မြတ်နဲ့အရာရာကိုဦးဆောင်နိုင်နေပြီးသူမကတော့အိမ်ထဲမှာပဲသေးသိမ်နေရပါသည်။

ထိုစဥျ

''သမီး အိမ်ရှေ့ကြီးမှာဘာရပ်လုပ်နေတာလဲ''

သူမအမေဒေါ်ဝေဝေဦးကစျေးခြင်းကြီးဆွဲပြီးသူမနားရောက်လာကာမေး၏။

''ဘာမှမလုပ်ပါဘူးမေမေ''

''မေမေနဲ့စျေးသွားကြစို့ နေ့လည်ကျရင်အိမ်ကိုဧည့်သည်လာမှာဆိုတော့သူတို့အတွက်ချက်ပြုတ်ထားရအောင်''

''ဘယ်သူလာမှာလဲမေမေ''

''တေးရဲ့သတို့သားလောင်း''

''ဟင် ဒါပေမယ့်တေးကအပြင်ထွက်သွားပြီနော်''

''သူအမီပြန်လာခဲ့မယ်တဲ့ ကဲပါ တော်ကြာစျေးကွဲနေဦးမယ် သွားကြစို့''

''ဟုတ်''

တေးရဲ့သတို့သားလောင်းဆိုတော့တေးလိုထက်ထက်မြတ်မြတ်နဲ့ခပ်ချေချေထဲကပဲဖြစ်မည်။
ဟိုနေ့ကဖေဖေနဲ့မေမေ တေးကိုပြောနေတာကြားပေမယ့်အဲတုန်းကတေးကအင်းမလုပ်အဲမလုပ်နဲ့မို့ဒီကိစ္စကိုတေးကငြင်းလိုက်တယ်မှတ်တာ။
အခုကျအိမ်ကိုတောင်ရောက်ချလာတော့မည်။
တေးရဲ့သတို့သားလောင်းကိုတွေ့ချင်လိုက်တာအရမ်းပဲ။

တစ်ဦးတည်းသောသတို့သမီး[completed]Where stories live. Discover now