Part.6

3K 55 0
                                    

Unicode

မှိုင်းအိပ်ရာနိုးလာတော့ဖွဲ့ကသူ့ဘေးမှာရှိမနေ။

''အစောကြီးအိပ်ရာကထသွားပြီလား''

သူအိပ်ရာကထပြီးမျက်နှာသစ်ရန်ရေချိုးခန်းထဲဝင်လာတော့သူ့အတွက်သွားတိုက်ဆေးထည့်ထားတဲ့သွားတိုက်တံလေးကအရန်သင့်။

သူမျက်နှာသစ်ပြီးပြန်ထွက်လာတော့လည်းမှန်တင်ခုံရှေ့ကခုံပေါ်မှာသူ့အတွက်ဝတ်စုံကအဆင်သင့်။

''ကလေးငယ်ကဒါတွေလည်းရတာပဲလား''

သူကိုယ့်ဘာသာကြည်နူးပီတိဖြစ်ပြီးပြုံးလိုက်မိ၏။

သူအောက်ထပ်ကိုဆင်းလာပြီးထမင်းစားခန်းထဲဝင်ခဲ့တော့ဖွဲ့ကရှိမနေ။

''ခွာညို နင့်မမလေးရော''

''ခြံထဲမှာကြောင်နဲ့ဆော့နေတယ်အစ်ကိုလေး''

''ဘာ''

သူချက်ချင်းပဲခြံထဲဆင်းခဲ့တော့ဖွဲ့ကကြောင်လေးအားရင်ခွင်ထဲပိုက်ပြီးလက်ကလေးနဲ့ပွတ်ရင်း

''ဗိုက်ဆာပြီလား ကြောင်စာကျွေးမယ်နော်''

''ကလေးငယ်''

သူနှုတ်ကခေါ်ရင်းသူမလက်ထဲကကြောင်ကိုဆွဲယူကာအောက်ကိုချပေးလိုက်တော့ကြောင်လေးကအိမ်ထဲပြေးဝင်သွားလေ၏။

''ကိုကြီးဘာလုပ်တာလဲ''

''ကလေးငယ်ကမှဘာလုပ်တာလဲ ဘာလို့ကြောင်ကိုအဲလောက်ဖက်ထားရတာလဲ ကိုကြီးကိုကျတစ်ခါမှမဖက်ပဲနဲ့''

''အယ် ကြောင်နဲ့လာတုနေတာလား ဒုက္ခပါပဲ''

''မရဘူး ကလေးငယ်ကိုကြီးကိုပဲအရေးပေးရမယ် ကြားလား''

ဖွဲ့ ဘောင်းဘီတိုနဲ့တီရှပ်ကိုတွဲဖက်ဝတ်ဆင်ထားသောကိုကြီးအားခြေစခေါင်းဆုံးကြည့်ပြီး

''ဖွဲ့ထုတ်ပေးခဲ့တဲ့အင်္ကျီမဝတ်ဘူးလား''

''အင်း ကိုကြီးနဲ့ကလေးငယ်ကမနေ့ကမှလက်ထပ်ထားတာလေ ဒီနေ့ကိုကြီးကကလေးငယ်ကိုအချိန်ပေးမလို့''

''ရပါတယ် ဖွဲ့အပြင်ထွက်ရတာလည်းမကြိုက်ဘူး''

''ကိုကြီးကတော့ကြိုက်တယ် အထူးသဖြင့်ကလေးငယ်လက်လေးကိုဆွဲပြီးလျှောက်သွားချင်တယ်''

တစ်ဦးတည်းသောသတို့သမီး[completed]Where stories live. Discover now