Part.2

3.4K 79 0
                                    

Unicode

မှိုင်းတို့ပြန်သွားတာနဲ့တေးတစ်ယောက်အိမ်ပေါ်သို့ဆူအောင့်အောင့်နဲ့တက်လာလိုက်၏။

''ဟင်း ငါ့ကိုငြင်းတယ်ပေါ့ ငါ့ကိုမကြိုက်ဘူးပေါ့ ဒါပေမယ့်ဘယ်လိုလုပ်မလဲ ကျွန်မကရှင့်ကိုစတွေ့ကတည်းကသဘောကျသွားတာ ကျွန်မကိုငြင်းလိုက်တော့ ပိုတောင်သဘောကျသွားသေးတယ် မင်းညိုမှိုင်း ရှင်ကျွန်မရဲ့သတို့သားပဲဖြစ်လာရမယ်''

__________

''ဘယ်လိုသား တေးကိုမဟုတ်ပဲဖွဲ့ကိုလက်ထပ်မယ် ဟုတ်လား''

''ဟုတ်တယ် ကောင်မလေးကအရမ်းထူးခြားတယ် ကျွန်တော့်ကိုရင်ခုန်အောင်လုပ်နိုင်တယ် ပြီးတော့သူ့ပုံစံလေးကအပြစ်ကင်းတယ်''

''ဒါပေမယ့်တေးနဲ့ကစကားလွန်ပြီးနေပြီ ပြီးတော့ဖွဲ့ဆိုတဲ့ကောင်မလေးကဘွဲ့လေးတစ်ခုတောင်မရဘူး အဲလိုအရည်အချင်းမရှိတဲ့သူမျိုးကိုမေမေချွေးမမတော်နိုင်ဘူး''

''အဲဒါတွေကကျွန်တော့်အတွက်အရေးမကြီးဘူးမေမေ ကျွန်တော်ချစ်တဲ့သူဆိုကကြီးခခွေးမသိနေဦးတော့ ကျွန်တော်ဂရုမစိုက်ဘူး''

''မေမေကတော့ဂရုစိုက်တယ် မေမေ့ချွေးမဖြစ်လာမယ့်သူကပညာအရည်အချင်းကမေမေတို့နဲ့တန်းတူဖြစ်ရမယ် ထက်မြတ်ရမယ် သားကိုတေးနဲ့ပဲသဘောတူတယ်''

သူဘာမှမပြောပဲအဓိပ္ပါယ်တစ်မျိုးပါသောအပြုံးအားပြုံးလိုက်၏။
သူလိုချင်ရင်ဘယ်တုန်းကမရတာရှိဖူးလို့လဲ။

🍏🍏🍏

သူဒီလောက်ပြောထားတဲ့ကြားကတေးဖွဲ့သီကသူတို့ကိစ္စအားလက်ခံလိုက်လေ၏။
မိန်းကလေးဘက်ကတောင်လက်ခံမှတော့ယောကျ်ားလေးဖြစ်တဲ့သူကငြင်းရင်တစ်ဖက်မိန်းကလေးအရှက်ရရလိမ့်မယ်ဆိုပြီးသူ့မိဘတွေကသူ့အားနားချထား၍သူအသာငြိမ်နေရသည်။

ဒါပေမယ့်ဒီကိစ္စဒီလိုနဲ့မပြီးသေးဘူး။သူပိုင်ဆိုင်ချင်တဲ့သူကသူ့မျက်စိရှေ့မှာရှိနေတာကိုအလွယ်တကူလက်လွှတ်ခံရအောင်သူကခပ်ညံ့ညံ့ယောကျ်ားမှမဟုတ်တာပဲ။

မှိုင်းတစ်ယောက်တေးမရှိလောက်မယ့်အချိန်ကိုရွေးကာသူမတို့အိမ်သို့ရောက်လာလေ၏။

တစ်ဦးတည်းသောသတို့သမီး[completed]Where stories live. Discover now