Part.7

2.9K 58 3
                                    

Unicode

မျက်စိရှေ့မှာမြင်နေရတဲ့အိမ်ကြီးကိုကြည့်ပြီးတေးခပ်မဲ့မဲ့ပြုံးလိုက်၏။
တစ်ကယ်ဆိုကိုယ်ကဒီအိမ်ရဲ့အရှင်သခင်မ ဖြစ်ရမှာမလား။

တေးအိမ်ထဲဝင်လာတော့အိမ်အကူဖြစ်ပုံရသောကောင်မလေးကသူမအားခြေစခေါင်းဆုံးကြည့်ပြီး

''အရမ်းတူတာပဲ''

''ဘာတူတာလဲ ငါကငါ လွမ်းဖွဲတေးကလွမ်းဖွဲ့တေး ဘယ်နေရာမှမတူဘူး''

ခွာညို မမလေးနဲ့အသံရောရုပ်ရောချွတ်စွပ်တူသောမိန်းကလေးအားမျက်မှောင်အနည်းငယ်ကျုံ့ကာကြည့်လိုက်မိ၏။

ဟုတ်ပါတယ်။သူပြောသလိုမမလေးနဲ့သူကရုပ်တူတာကလွဲလို့ဘာမှမတူ။
မမလေးကစိတ်ထားကောင်းပြီးသိမ်မွေ့တယ်။အပြောချိုတယ်။

''ဟဲ့ ငါ့ကိုဘာလာကြည့်နေတာလဲ ဖွဲ့ဘယ်မလဲ''

''ခဏလေး သွားခေါ်ပေးမယ်''

''ဒီမှာ ငါကဒီအိမ်ရဲ့ဧည့်သည်မဟုတ်ဘူး ခမည်းခမက် ကုန်ကုန်ပြောရရင်ငါ​ကနင့်သခင်မတောင်ဖြစ်လာရမယ့်သူ နားလည်လား သူဘယ်မှာလဲ ငါ့ဘာသာသွားမယ်''

''အပေါ်ထပ်မှာ အခန်းရှေ့မှာအရုပ်လေးချိတ်ထားတာမမလေးတို့အခန်းပဲ''

''အေး ငါ့အတွက်စားစရာလာပို့ သန့်သန့်ရှင်းရှင်းပြင်ဆင်ခဲ့ ငါကရွံတတ်တယ်''

တေးမျက်နှာကိုချီပြီးအိမ်ပေါ်သို့တက်လာခဲ့လိုက်၏။

''ဘာလဲဟ လေသံကိုကတစ်လောကလုံးကိုရှာကျွေးနေရတဲ့ပုံနဲ့ အဲဒါဆိုလည်းကိုယ့်ဘာသာကိုလုပ်ပါလား တစ်ကယ်တည်းမှပဲ''

ခွာညိုပွစိပွစိပြောပြီးမီးဖိုခန်းထဲဝင်လာခဲ့လိုက်၏။

တေးအပေါ်ထပ်ရောက်တော့ကြောင်ရုပ်လေးချိတ်ထားတဲ့အခန်းကိုကြည့်ပြီးမထီတထီပြုံးကာတံခါးလည်းခေါက်မနေပဲအခန်းထဲဝင်လာခဲ့လိုက်သည်။

အခန်းထဲရောက်တော့ဖွဲ့ကအိပ်ပျော်နေ၍တေးသူမဘေးဝင်ထိုင်ပြီး

''အဟင်း တော်တော်လေးဇိမ်ကျနေတာပဲ ဟဲ့ မိဖွဲ့ ထစမ်း''

တေးခပ်ကြမ်းကြမ်းလှုပ်နှိုးလိုက်တော့ဖွဲ့အိပ်ပျော်နေရာမှဆတ်ခနဲနိုးလာပြီးသူမကိုလှည့်ကြည့်လာလေ၏။

တစ်ဦးတည်းသောသတို့သမီး[completed]Where stories live. Discover now