Final Part

4.5K 83 0
                                    

Unicode

မှိုင်းတစ်ယောက်လက်ထဲမှာဖုန်းမျက်နှာပြင်ကိုကြည့်ရင်းဆေးရုံထဲဝင်လာ၏။

သူဖွဲ့ကိုပေးထားတဲ့စိန်လက်စွပ်ရဲ့စိန်ပွင့်အောက်မှာGPSတပ်ထားတာမို့ဖွဲ့ဘယ်မှာရှိနေလဲသူသိနိုင်တာပင်။

အခုဖွဲ့ကဆေးရုံရောက်နေပြီးဖုန်းကလည်းဆက်လို့မရ၍သူချက်ချင်းလိုက်လာခဲ့တာ။

ဖွဲ့လည်းအရေးပေါ်ခန်းရှေ့မှာရဲတွေစစ်မေးသမျှထိုင်ဖြေပေး​နေရသည်။

ထိုစဥ်

''ကလေးငယ်''

ဖွဲ့ချက်ချင်းပဲခေါင်းထောင်ကြည့်လိုက်မိကာကိုကြီးကိုမြင်တာနဲ့ထိုင်ရာမှထရပ်ပြီးကိုကြီးပြေးဖက်လိုက်မိတော့သည်။

''အဟင့် ကိုကြီး''

မှိုင်း တစ်ကိုယ်လုံးသွေးတွေပေကျံနေသောဖွဲ့ကိုကြည့်ကာ

''ကလေးငယ်ဘာဖြစ်တာလဲ ဘယ်နားထိခိုက်ထားတာလဲ ကိုကြီးကိုပြော''

''ဟင့်အင်း ဖွဲ့မဟုတ်ဘူး တေးပါ တေးဓားထိုးခံရတယ်ကိုကြီး''

''ဟင်! ဘယ်လိုဖြစ်တာလဲ ဘယ်သူကထိုးတာလဲ''

ဖွဲ့ကခေါင်းသာတွင်တွင်ခါရမ်းကာငိုပဲငိုနေတာမို့သူအနားကရဲတွေကိုမေးလိုက်တော့မှအကြောင်းစုံသိခဲ့ရတာပင်။

သူခုံလေးမှာထိုင်နေသောဖွဲ့ဘေးမှာဝင်ထိုင်ပြီးသူမအားရင်ခွင်ထဲအသာဆွဲဖက်ကာ

''ဘာမှမဖြစ်ဘူးနော် တေးအဆင်ပြေသွားမှာပါ သူကဒီလောက်အကြောတင်းတာ သူ့ကိုယ်သူတော့လက်လျှော့မှာမဟုတ်ပါဘူး''

''တေးတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲဟင်ကိုကြီး''

''သူဘာမှမဖြစ်ပါဘူး သူနေပြန်ကောင်းပြီးကလေးငယ်ဆီပြန်လာမှာပါ''

အမှန်တစ်ကယ်အဲလိုဖြစ်လာဖို့ပဲဖွဲ့ဆုတောင်းပါတယ်။

______________

ကံတရားကသူမတို့ဘက်မှာရှိနေပေးလို့တော်ပါသေးရဲ့။
တေးကအရေးပေါ်သွေးလိုတာကြောင့်ဖွဲ့ပဲပေးခဲ့ပြီး အခုဆိုတေးလည်းအသက်အန္တရာယ်ကလွတ်သွားပါပြီ။

You've reached the end of published parts.

⏰ Last updated: Mar 30 ⏰

Add this story to your Library to get notified about new parts!

တစ်ဦးတည်းသောသတို့သမီး[completed]Where stories live. Discover now