Part.12

2.2K 38 0
                                    

Unicode

''နင့်ကိုခုပြန်လိုက်ခဲ့လို့ပြောနေတယ်နော် ငါနင့်ကိုနှစ်လလုံးလုံးလိုက်ရှာနေခဲ့ရတာ တော်တော်ဂြိုဟ်မွှေတဲ့ကောင်မ ငါဟိုဘက်မှာဘယ်လောက်ရှင်းလိုက်ရလဲသိလား ခုပြန်လိုက်ခဲ့''

''မလိုက်ဘူး သမီးကိုလွှတ်''

စောစောစီးစီးနားထဲတိုးဝင်လာတဲ့အသံကခပ်ဆူဆူ။
ဖွဲ့မျက်လုံးကိုလက်နဲ့ပွတ်ကာအသာအယာဖွင့်လိုက်ရင်းဘေးမှာအိပ်ပျော်နေသောကိုကြီးအားလက်မောင်းမှလှုပ်နှိုးကာ

''ကိုကြီး ထဦး''

''အင် ကလေးငယ်ကလည်း အစောကြီးရှိသေးတာကို''

''ဖွဲ့အသံတစ်ခုကြားတယ်ကိုကြီးရဲ့''

ထိုအခိုက်...

''နင်ငါ့ဒေါသကိုလာဆွမနေနဲ့ ခုလိုက်ခဲ့''

''သမီးနာနေပြီအမေ''

ကွားလိုကျရတဲ့အသံကပီပီသသ။

''ဒါငွေဇင့်အသံပဲကိုကြီးရဲ့''

ပြောပြီးဖွဲ့ကုတင်ပေါ်ကပြေးဆင်းပြီးပြတင်းပေါက်နားသွားရပ်ကာအသံလာရာကိုထွက်ကြည့်တော့မိန်းမတစ်ယောက်ကငွေဇင့်အားဆံပင်ကနေဆွဲဆောင့်နေတာပင်။

''ဟင် ငွေဇင်''

ဖွဲ့ချက်ချင်းပဲအလန်းထဲက​ပြေးထွက်လာခဲ့လိုက်၏။
ထိုအခါမှမှိုင်းလည်းအိပ်ရာမှကမန်းကတန်းထကာဖွဲ့နောက်ကပြေးလိုက်လာလေသည်။

ဖွဲ့ခြံရှေ့ထိပြေးလာပြီးငွေဇင့်ဆံပင်ကိုဆွဲနေသောမိန်းမရဲ့လက်ကိုဖြုတ်ချပြီးငွေဇင့်ကိုသူမဘက်ဆွဲခေါ်လိုက်ပြီး

''အဒေါ်ဘာလုပ်တာလဲ''

''ဟဲ့ ငါ့သမီးကိုငါပြန်လာခေါ်တာဘာဖြစ်လဲ မိငွေဇင် ညည်းအခုချက်ချင်းငါနဲ့ပြန်လိုက်ခဲ့ ငါ့ကိုပြဿနာရှာခဲ့တဲ့ကောင်မ ခုလာခဲ့''

ထိုအမျိုးသမီးကငွေဇင့်လက်ကိုဆွဲတော့ဖွဲ့လက်ကိုဖြုတ်ချပြီး

''သူမှမလိုက်ချင်တာအဒေါ်ရဲ့ အ​ဒေါ်ပြန်ပါ''

ငွေဇင့်အမေကဖွဲ့ကိုဆောင့်တွန်းလွှတ်လိုက်တာကြောင့်ဖွဲ့နောက်ကိုခြေလှမ်းသုံးလှမ်းလောက်ဆုတ်သွားရပြီးလူကလဲကျမလိုဖြစ်သွားရသည်။
သို့သော်ကိုကြီးကနောက်ကနေထိန်းလိုက်၍သူမမှာကံကောင်းသွားရ၏။

တစ်ဦးတည်းသောသတို့သမီး[completed]Where stories live. Discover now