Part.14

2.2K 37 0
                                    

Unicode

''နင့်ကိုအလုပ်ထုတ်လိုက်ပြီ အသုံးမကျတဲ့မိန်းမ ငါနင့်ကိုသေချာမှာထားလားမမှာထားဘူးလားဟမ် အခု အခုငါ့ကလေးမရှိတော့ဘူးတဲ့''

''ခွာညိုတောင်းပန်ပါတယ်အစ်ကိုလေးရယ် ခွာညို့ကိုကြိုက်တဲ့အပြစ်ပေးပါ အလုပ်တော့မထုတ်ပါနဲ့နော်''

သတိရရလာချင်းအခန်းရှေ့ကကိုကြီးအသံကြောင့်ဖွဲ့မျက်လုံးကိုအားယူကာဖွင့်လိုက်တော့သူမဘေးမှာသူမအမေအားတွေ့လိုက်ရ၏။

''မေမေ''

''သမီးသတိရပြီ''

''ကိုကြီး''

''မေမေခေါ်ပေးမယ် ခဏလေး''

ပြောပြီးဒေါ်ဝေဝေဦးကအခန်းထဲကထွက်သွားလေ၏။
ဖွဲ့ရောက်နေတဲ့နေရာပတ်ပတ်လည်ကိုကြည့်ပြီးဒါဆေးရုံမှန်းသိလိုက်သည်။

အပြင်ကခွာညိုက

''ငွေဇင်ကခွာညို့ကိုရွာကဖုန်းဆက်တယ်ဆိုပြီးပြောလို့ခွာညိုလည်းသွားလိုက်တာ ဒါပေမယ့် ရွာကဖုန်းမခေါ်ဘူးတဲ့''

''ဘာ!''

ထိုအခိုက်ဒေါ်ဝေဝေဦးကအခန်းထဲထွက်လာပြီး

''သမီးသတိရနေပြီသား''

သူချက်ချင်းပဲအခန်းထဲပြေးဝင်လာခဲ့လိုက်၏။
သူရောက်သွားတော့ဖွဲ့ကငိုလျက်ဖြင့်

''ကိုကြီး ဖွဲ့တောင်းပန်ပါတယ် ဖွဲ့အသုံးမကျလို့ပါ ခွာညိုနဲ့မဆိုင်ပါဘူး သူ့ကိုအလုပ်မထုတ်ပါနဲ့ ဒါဖွဲ့ရဲ့အပြစ်ပါ ဖွဲ့အသုံးမကျလို့ခုလိုဖြစ်တာ''

မှိုင်း ဖွဲ့ရဲ့လက်ကိုဆုပ်ကိုင်ပြီးနဖူးကဆံစလေးတွေကိုသပ်ပေးကာ

''မဟုတ်ဘူး ဒါကလေးငယ်အမှားမဟုတ်ဘူး ကိုကြီးကသာကိုယ့်ဇနီးကိုသေချာမစောင့်ရှောက်နိုင်ခဲ့တာ ကလေးငယ်မှာအပြစ်မရှိဘူး မငိုနဲ့တော့နော်''

ခွာညိုကလည်းဖွဲ့ရဲ့ကျန်တဲ့လက်တစ်ဖက်ကိုဆုပ်ကိုင်ပြီး

''ခွာညိုတစ်ကယ်ပဲတောင်းပန်ပါတယ်မမလေးရယ်''

''ခွာညိုနဲ့မဆိုင်ဘူးလို့ပြောပြီးပြီလေ''

''အဟင့် အီးဟီး''

တစ်ဦးတည်းသောသတို့သမီး[completed]Where stories live. Discover now