Part.4

3.2K 72 0
                                    

Unicode

ထိုကိစ္စဖြစ်ပျက်ပြီးနောက်ပိုင်းဖွဲ့အခန်းထဲကအခန်းပြင်မထွက်တော့ပါ။
ဖုန်းကိုလည်းစက်ပိတ်ထားမိတာခုထိပင်။

''သမီး နေမကောင်းဘူးလား အခန်းထဲမှာပဲအောင်းနေတယ်''

မေမေကသူမနဖူးလေးကိုစမ်းကာလာမေး၏။

''ဖွဲ့နေကောင်းပါတယ်မေမေ ဒီအတိုင်း နည်းနည်းခေါင်းကိုက်နေလို့ပါ''

''ဆေးသောက်မလားသမီး''

''ဟင့်အင်း ရပါတယ်''

''သေချာရဲ့လား တော်ကြာမနက်ဖြန်တေးရဲ့စေ့စပ်ပွဲမှာသမီးရှိမနေနိုင်ပဲနေဦးမယ်''

''ဖွဲ့မနက်ဖြန်အခန်းထဲမှာပဲနေလို့ရလားမေမေ''

ဒေါ်ဝေဝေဦးပြာပြာသလဲနှင့်

''ဘာလို့လဲသမီးရဲ့ မရပါဘူး ရှိတာမှဒီမိသားစု'လေးယောက်ပဲရှိတာ ကိုယ့်တစ်ဦးတည်းသောအစ်မရဲ့စေ့စပ်ပွဲမှာသမီးရှိနေရမှာပေါ့''

ဖွဲ့ ကိုယ်ပေါ်ကစောင်လေးအားခပ်တင်းတင်းဆုပ်ထားမိသည်။
ဖွဲ့ ကိုကြီးမျက်နှာကိုမကြည့်ရဲသေးပါ။ခုထိထိုအဖြစ်အပျက်တွေကသူမအိပ်မက်ထဲထိရောက်ရောက်လာတုန်း။
ပြီးတော့သူမကိုကြီးပါးကိုရို.က်လိုက်မိသေးတာ။

''သမီးတစ်ခုခုဖြစ်နေတာလား မေမေ့ကိုပြော''

''မဟုတ်ပါဘူးမေမေ ဖွဲ့ဒီအတိုင်းမေမေ့ကိုနောက်လိုက်တာပါ ဖွဲ့သာအဲ့ပွဲမှာမရှိနေရင်ဖွဲ့ရဲ့ဝတ်စုံလေးကနှမြောစရာဖြစ်သွားမှာပေါ့ လှလှလေးချုပ်ထားတာကို''

သမီးဖြစ်သူပြုံးလာမှဒေါ်ဝေဝေဦးလည်းစိတ်အေးသွားရ၏။

''အဲလိုလေးပြုံးနေမှပေါ့သမီးရယ် မေမေ့သမီးလေးကပြုံးနေရင်အရမ်းချစ်ဖို့ကောင်းတာလေ သမီးထမင်းစားမလား မေမေခူးခဲ့ပေးမယ်''

''ဟုတ်ကဲ့''

သမီးနှစ်ယောက်တစ်ချိန်တည်းမွေးထားတာပေမယ့်ဖွဲ့နဲ့တေးကတစ်ကယ့်ဆန့်ကျင်ဘက်ဖြစ်ကာ တေးကစိတ်မာပြီးစိတ်ကြီးသလောက်ဖွဲ့ကအရာရာမှာအားငယ်ဝမ်းနည်းတတ်တာမို့ဒေါ်ဝေဝေဦးမှာသမီးငယ်ဖွဲ့အားပိုပြီးဂရုဏာသက်ရသည်။
တေးကကိုယ့်ခြေထောက်ပေါ်ကိုရပ်နိုင်နေပြီဆိုပေမယ့်ဖွဲ့ကခုထိအပြင်တောင်တစ်ယောက်တည်းမထွက်ရဲတဲ့သူဆိုတော့မိခင်ဖြစ်တဲ့သူမကဖွဲ့အတွက်တအားရင်လေးရ၏။
ပြီးတော့ဖွဲ့ကတစ်ခုခုဆိုစိတ်ထဲမှာကြိတ်ခံစားပြီးအပြင်မှာထုတ်မပြောတတ်။
အသက်အစိတ်ပြည့်တော့မှာချင်းအတူတူတေးကလူကြီးဆန်ကာရင့်ကျက်ပြီးဖွဲ့ကခုထိကလေးဆန်နေတုန်း။

တစ်ဦးတည်းသောသတို့သမီး[completed]Where stories live. Discover now