Part.15

2.5K 36 0
                                    

Unicode

''မဟုတ်ဘူး ငါ့ကိုဘာလို့ဖမ်းတာလဲ ခုချက်ချင်းငါ့ကိုပြန်လွှတ်ပေး''

ရဲ​တွေဆွဲခေါ်ရာနောက်ပါသွာရင်းငွေဇင်တစ်ယောင်အကြောက်အကန်အော်​ပြောနေလေ၏။

''ငါလုပ်တာမဟုတ်ဘူး တေးဖွဲ့သီ ဟုတ်တယ် တေးဖွဲ့သီခိုင်းတာ ဒါတွေအကုန်တေးဖွဲ့သီခိုင်းတာ''

ကြားလိုက်ရတဲ့စကားကဖွဲ့နားထဲဗုံးတစ်လုံးပေါက်ကွဲသွားသလိုပင်။

တေးတဲ့။တေးကခိုင်းတာတဲ့။

''အစ်ကိုလေး ငွေဇင့်ကိုတေးဖွဲ့သီခိုင်းတာပါ တေးဖွဲ့သီခိုင်းတာလို့''

တဖြည်းဖြည်းနဲ့ငွေဇင့်အသံကအိမ်ထဲကနေပျောက်ကွယ်သွားလေ၏။

ခွာညိုလည်းဘေးခြံကလူတွေနဲ့စကားပြောပြီးပြန်လာချိန် ငွေဇင့်ကိုရဲတွေခေါ်သွား၍မျက်လုံးပြူးမျက်စံပြူးနဲ့အိမ်ထဲပြေးဝင်လာလိုက်သည်။

''မမလေး ဟင်! မေမေကြီး''

ဖွဲ့အခုထိအသက်မဲ့နေတုန်းပင်။

နောက်ဆုံးအန်တီ့ကိုဆေးရုံကားကလာခေါ်သွားချိန်ထိဖွဲ့ထိုနေရာမှာမလှုပ်မယှက်ထိုင်နေမိတုန်းပင်။

''ငါမယုံချင်ဘူးတေးရယ်''

___________

မှိုင်းဆေးရုံမှာလုပ်စရာရှိတာလုပ်ပြီးအိမ်ပြန်လာတော့ဖွဲ့ကသူထွက်သွားတုန်းကအတိုင်းလှေကားခြေရင်းနံရံကိုမှီ၍ဒူးနှစ်ဖက်ပေါ်ခေါင်းမှောက်ပြီးထိုင်နေလေ၏။

မှိုင်းသူမနားမှာခြေဖျားထောက်ထိုင်ချပြီးခေါင်းလေးကိုကိုင်လိုက်တော့သူမကဆတ်ခနဲခေါင်းထောင်ကြည့်လာပြီး

''ကိုကြီးပြန်လာပြီလား''

''အင်း ကလေးငယ်ကဘာလို့ဒီမှာထိုင်နေတာလဲ''

''အန်တီရောဟင် အန်တီဘယ်လိုနေသေးလဲ''

''စိုးရိမ်စရာမရှိတော့ဘူးတဲ့ သတိတော့မရသေးဘူး''

''တော်ပါသေးရဲ့ ဒါနဲ့ ငွေဇင်ကဖွဲ့ကိုဒုက္ခပေးနေတာကိုကြီးဘယ်လိုလုပ်သိတာလဲ''

''ကလေးငယ်ကိုယ်ဝန်ပျက်ကျတုန်းကရေချိုးခန်းထဲမှာဆပ်ပြာရည်တွေတွေ့လို့ ကိုကြီးမသင်္ကါတာနဲ့ တစ်အိမ်လုံးကိုcctvတပ်ထားလိုက်တာ''

တစ်ဦးတည်းသောသတို့သမီး[completed]Where stories live. Discover now