Part.16

2.5K 45 0
                                    

Unicode

''ကလေးငယ်''

ရေချိုးခန်းထဲကအသံကြောင့်ဖွဲ့ရေချိုးခန်းရှေ့ရောက်သွားပြီး

''ကိုကြီးဘာဖြစ်လို့လဲ''

''ကိုကြီးတဘက်ယူမလာမိလို့လာပေးဦး''

''အင်းအင်း''

ဖွဲ့အဝတ်တန်းပေါ်မှာတင်ထားတဲ့တဘက်ဘေးကိုဆွဲယူပြီးရေချိုးခန်းတံခါးအားဖွင့်ဝင်သွားလိုက်၏။

ဖွဲ့ဝင်သွားတော့ကိုကြီးကဆပ်ပြာမြှုပ်တွေအပြည့်နဲ့bathtubထဲမှာရေစိမ်နေတာပင်။

ဖွဲ့တဘက်လေးကိုဘေစင်ပေါ်မှာတင်လိုက်ပြီး

''ထားခဲ့ပြီနော်ကိုကြီး''

ပြောပြီးသူမအမြန်လစ်ပြေးမယ်လုပ်တုန်းကိုကြီးက

''နေဦး ဒီနားလားဦး''

ဖွဲ့ကိုကြီးအားကျောပေးထားရင်းမှမျက်နှာလေးရှုံ့မဲ့သွားရ၏။

''ဘာလုပ်မလို့လဲကိုကြီးရဲ့''

''လာပါ''

ဖွဲ့ကိုကြီးနားတရွေ့ရွေ့လျှောက်သွားလိုက်သည်။

ထိုစဥ် ရုတ်တရက်ဖွဲ့လက်လေးဆောင့်ဆွဲခံလိုက်ရပြီးဖွဲ့ကိုယ်လေးကbathtubထဲပြုတ်ကျသွား၏။

ဖွဲ့​ပေါင်တစ်ဝက်လောက်ထိလန်သွားသောဂါဝန်လေးအားလိုက်ဖုံးဖိရင်း

''ကိုကြီးဘယ်လိုလုပ်လိုက်တာလဲ ဖွဲ့လန့်သွားတာပဲ''

မှိုင်း ဖွဲ့ရဲ့လက်တွေအားဆွဲယူပြီးသူ့ခါးကိုဖက်စေကာသူမခေါင်းလေးအားသူ့ရင်ဘတ်မှာမှီစေလိုက်၏။

သူ့လက်တွေကတော့သူမကျောလေးအားသိုင်းဖက်ထားလျက်ဖြင့်။

''ကလေးငယ်''

''ဟင်''

''ကလေးငယ်စိတ်ဆင်းရဲနေလား''

''တေးကိစ္စကြောင့်လား''

''အင်း''

''ခုလိုလုပ်မှကိုကြီးစိတ်ရှင်းမှာဆိုရင်လည်းဖွဲ့ဘာမှမပြောတော့ပါဘူး ဒါပေမယ့်ဖွဲ့ကတော့တေးကိုယုံတယ် တေးကဖွဲ့ကိုအဲလောက်ထိလုပ်ရက်မယ့်သူမဟုတ်ဘူး ပြီးတော့သူလည်းဖွဲ့တို့ကြောင့်အရှက်ကွဲခဲ့ရတဲ့သူမလား သူစိတ်ဆိုးပြီးဖွဲ့တို့အဆင်မပြေဖြစ်အောင်လုပ်ချင်ရုံလေးလို့ပဲဖွဲ့ထင်တယ် အသက်ကိုရန်ရှာရလောက်တဲ့ထိသူရက်စက်မှာမဟုတ်ဘူး''

တစ်ဦးတည်းသောသတို့သမီး[completed]Where stories live. Discover now