Part.11

2K 38 0
                                    

Unicode

ငွေဇင်ဆေးယူပြီးအခန်းထဲပြန်ရောက်တော့အစ်ကိုလေးကမမလေးအားကိုယ်တိုင်ကိုယ်ကျဆန်ပြုတ်ခွံ့နေပြီးမျက်ဝန်းတွေကလည်းတစ်ကယ်ကိုအချစ်တွေစိုးရိမ်စိတ်တွေအပြည့်နှင့်။

''ဒီမှာဆေးပါအစ်ကိုလေး''

''ထားခဲ့''

မှိုင်းကဖွဲ့နှုတ်ခမ်းတွေအားသုတ်ပေးရင်း

''ကလေးငယ်ဘာစားချင်လဲ ကိုကြီးခွာညို့ကိုခိုင်းလိုက်မယ်''

''ရေခဲမုန့်စားချင်တယ်''

''ဟင် အဲဒါတော့ဘယ်ဖြစ်မှာလဲ ကလေးငယ်ကနေမကောင်းဖြစ်နေတာလေ တစ်ခြားဟာပြော''

''တော်ပြီ ရေခဲမုန့်ပဲစားချင်တာ အဲဒါမဟုတ်ရင်ဘာမှမစားချင်ဘူး''

''က​လေးငယ်ကလည်းကွာ''

မှိုင်း ငွေဇင့်ဘက်လှည့်ကာ

''နင်ကဘာလို့ဒီမှာရှိနေသေးတာလဲ''

''ဟို အစ်ကိုလေးဘာများခိုင်းဦးမလဲလို့ပါ''

''ဘာမှမခိုင်းဘူးသွား ငါမခိုင်းခင်ကကျကိုယ့်အလိုက်တသိနဲ့ကိုယ်လုပ်မယ်မရှိဘူး''

ဖွဲ့ ကြားထဲကငွေဇင့်ကိုအားနာသွားရပြီး

''ကိုကြီးကလည်း တစ်ချိန်လုံးမာန်မဲနေတော့တာပဲ ငွေဇင်သွားလို့ရပြီနော် ဘာမှမခိုင်းတော့ဘူး''

''ဟုတ်မမလေး''

ပြောပြီးငွေဇင်အခန်းထဲမှထွက်လာခဲ့လိုက်သည်။

စိတ်ထဲမှလည်း

''ယောကျ်ားရှေ့မှာဇွတ်စိတ်ထားကောင်းချင်ယောင်ဆောင်ပြနေတယ် ကြည့်လို့ကိုမရတော့ဘူး''

မနာလိုစိတ် အားကျစိတ်တွေအပြင်နေရင်းထိုင်ရင်းနဲ့ဖွဲ့ကိုအပြစ်မြင်စိတ်တွေကသူမရင်ထဲကိန်းအောင်းလာရ၏။

သူမလှေကားကနေဆင်းလာတော့ဒေါ်ခင်သက်ထားကလည်းအိမ်ပေါ်တက်လာ၍ငွေဇင်မျက်နှာကိုတမင်ညှိုးငယ်ပြီး

''အဟင့်''

ဒေါ်ခင်သက်ထားခေါင်းငုံ့ကာရှိုက်သံထွက်ရင်းအပေါ်ထပ်မှဆင်းလာသောငွေဇင့်အား

တစ်ဦးတည်းသောသတို့သမီး[completed]Donde viven las historias. Descúbrelo ahora