Part.10

2.6K 41 1
                                    

Unicode

​​​ခြေဗလာနဲ့ပြေးလွှားနေတဲ့မိန်းကလေးတစ်ယောက်။
သူမကတေးရဲ့ကားရှေ့ဖြတ်ပြေးလာ၍တေးမှာအမြန်ဘရိတ်အုပ်လိုက်ရပြီးတစ်ဖက်မိန်းကလေးကလည်းလမ်းမပေါ်ခွေခနဲလဲကျသွား၏။
တေးသာအမြန်ဘရိတ်မအုပ်နိုင်ရင်တို.က်မိမှာသေချာသည်။

တေးစိတ်တိုစွာနဲ့ကားပေါ်ကဆင်းလာပြီးထိုမိန်းကလေးအား​အပေါ်စီးကနေငုံ့ကြည့်ရင်း

''ဟဲ့ ကားတစ်စီးလုံးလာတာနင်မမြင်ဘူးလား နင့်မျက်လုံးကန်းနေလား ငါ့ကားနဲ့တို.က်မိလို့နင်​ေ.သသွားရင်အကြောင်းမဟုတ်ဘူး ငါ့ကိုအလကားနေရင်းအမှုလာပတ်နေမယ်ဟဲ့''

သူမကတေးရဲ့ဆူပူမာန်မဲမှုကိုဂရုမစိုက်ပဲတေးရဲ့ခြေသလုံးကိုဖက်ကာ

''မမ ငွေဇင့်ကိုကယ်ပါဦး ငွေဇင်အရမ်းကြောက်တယ်''

''နင်ဘာလုပ်တာလဲ လွှတ်''

တေးခါထုတ်ပေမယ့်သူမကမြဲမြံစွာဖက်တွယ်ထားဆဲပင်။

''ငွေဇင့်ကိုကယ်ပါနော် ငွေဇင်မမကျေးဇူးကိုလုံးဝမမေ့ပါဘူးမမရယ်''

တေးထိုမိန်းကလေးအားသေချာကြည့်လိုက်သည်။
ကျောလယ်လောက်ရှိကာနက်မှောင်နေသောဆံနွယ်တွေကိုအခွေအလိပ်လေးတွေကောက်ထားပြီးပေါင်တစ်ဝက်သာရှိသောအနီရောင်body fitလက်တစ်လုံးလေးနဲ့သူမကရုပ်ရည်ရောအသားအရည်ရောခန္ဓာကိုယ်ရောလှတဲ့ထဲပါ၏။

''ထ''

သူမကတေးအားမျက်ရည်တွေနဲ့မော့​ကြည့်လာလေသည်။

''မလိုက်ဘူးလား''

သူမကဝမ်းသားအားရနဲ့

''လိုက်မယ် အဟင့် လိုက်မယ်''

''တက်ကားပေါ်''

တေးပြောပြီးကားပေါ်ပြန်တက်လိုက်တော့ငွေဇင်ဆိုသောသူမကလည်းတစ်ဖက်ထိုင်ခုံမှာဝင်ထိုင်လာလေသည်။
ပြီးတာနဲ့တေးလည်းထိုနေရာမှမောင်းထွက်လာခဲ့လိုက်၏။

___________

တည်းခိုခန်းရဲ့အခန်းတစ်ခုတွင်...

''ငွေဇင့်နာမည်ငွေဇင်ပါပဲ ငွေဇင်ကအဖေမရှိတော့ပါဘူး အမေကနောက်အိမ်ထောင်နဲ့ အမေရောပထွေးရောကလောင်းကစားအရမ်းလုပ်တယ် ပြီးတော့ ပထွေးကအရက်လည်းအရမ်းသောက်တယ် အခုအမေနဲ့ပထွေးကငွေဇင့်ကိုပြည့်တန်ဆာအိမ်မှာရောင်းစားခဲ့တာပါ''

တစ်ဦးတည်းသောသတို့သမီး[completed]Where stories live. Discover now