Part.3

3.2K 77 0
                                    

Unicode

မှိုင်းမှာအလုပ်မရှိအလုပ်ရှာကာဖွဲ့ဆီရောက်ရောက်လာပြီးသူမလေးကိုအပြင်ခေါ်ထုတ်သွားလိုက် လိုချင်တာတွေဝယ်ပေးလိုက်နှင့်ရင်းနှီးမှုယူနေရသည်။

သူရည်ရွယ်ထားသည်ကဖွဲ့အားရိုးရိုးသားသားချဥ်းကပ်ပြီးသူမဆီကအချစ်အားရအောင်ယူဖို့ပါ။
သူသာကြမ်းလိုက်ရင်ဖွဲ့ကသူ့အားမုန်းသွားနိုင်တာမို့သူမ မုန်းသွားမှာလည်းမလိုလား။
သူ့စိတ်အလိုသာဆိုကားတင်ပြေးပြီးတာကြာလှနေပြီ။

အခုသူနဲ့တေးရဲ့စေ့စပ်ပွဲကလည်းနီးနေပြီ။

ဒီနေ့တေးကစေ့စပ်ပွဲအတွက်ဆွေးနွေးစရာရှိတယ်ဆို၍သူမတို့အိမ်သို့ရောက်လာရပြန်သည်။
သူ့စိတ်အလိုဆိုဒီစေ့စပ်ပွဲကိုစိတ်မဝင်စားပေမယ့်ဖွဲ့ကိုတွေ့ချင်တာကြောင့်ရောက်လာရခြင်းပင်။
သူ့ကလေးငယ်ကသူ့အားအရမ်းစိုးမိုးထားနေပြီမဟုတ်ပါလား။
ဆံနွယ်လေးတွေကခြေဖျားလေးတွေအဆုံးသူ့မှာမြတ်နိုးစွာစွဲလမ်းရပါ၏။

သူထိုအိမ်ကိုရောက်တာနဲ့တေးဖွဲ့သီကသူ့အားအရန်သင့်ထိုင်စောင့်နေ၍မှိုင်းသူမနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်ကာ

''ပြော ဘာပြောမှာလဲ''

''ရှင့်လေသံကလည်း မသိရင်ကျွန်မရှင့်ကိုမတရားသိမ်းပိုက်ထားသလိုပဲ''

''မဟုတ်လို့လား မင်းကငါအမြင်ကပ်တဲ့မိန်းမပုံစံလေ ငါ့အမေကြောင့်သာမင်းငါနဲ့စေ့စပ်ဖို့ဖြစ်လာတယ်မှတ်ပါ''

''ဘာပြောတယ်မင်းညိုမှိုင်း ရှင့်စကားကအရမ်းကိုစည်းလွတ်ဝါးလွတ်ဖြစ်နေပြီနော်''

မှိုင်းကသူမအားမထီတထီရုပ်နဲ့ကြည့်လာ၏။

''အပိုတွေပြောမနေပါနဲ့ ငါ့ကို​ခေါ်ရတဲ့ကိစ္စကိုပဲပြော''

တေးစိတ်ကိုတစ်ထစ်လျှော့ချကာ

''လက်စွပ်ကိစ္စတိုင်ပင်မလို့''

''ပြောပါဦး''

''ကျွန်မကစေ့စပ်လက်စွပ်ကိုစိန်လက်စွပ်ပဲဝတ်မှာနော် တန်ဖိုးကသိန်းသုံးရာနဲ့အထက်ဖြစ်နေမှရမှာ ကျွန်မကတန်ကြေးရှိတဲ့မိန်းမမို့ပေါပေါပဲပဲတွေလက်မခံနိုင်ဘူး ကျွန်မအဆင့်အတန်းနဲ့ဆိုတန်ဖိုးကြီးတာနဲ့မှအဆင်ပြေမှာ''

တစ်ဦးတည်းသောသတို့သမီး[completed]Where stories live. Discover now