Part - 2

2.9K 188 3
                                    

မနက်ခင်း အိပ်ရာနိုးတော့ အမေ့ကို သတိရစိတ်နဲ့ ကျွန်တော့်မျက်နှာ ​မကြည်လင်နိုင်ပါ။ ချစ်တဲ့မမအနား ရောက်ရှိနေပေမယ့် မေမေကလည်း ကျွန်တော့်ဘဝတစ်ခု။

နံနက်ခင်း ကျေးငှက်တို့ရဲ့ တွန်ကြူးသံက သာယာသလို လွမ်းမောဖွယ်လည်း ကောင်းသည်။ ဆောင်းရာသီရဲ့ အအေးဓာတ်ကလည်း အမေ့အိမ်ရဲ့ အနွေးဓာတ်ကို ပိုပိုပြီး လွမ်းစေသည်။ ဖုန်းကိုဖွင့်ပြီး နာရီကြည့်လိုက်တော့ မနက် ၆နာရီခွဲ။

အိမ်ရာထဲ ခွေချင်နေသော်လည်း မမငြိုငြင်မှာ စိုးသောကြောင့် ခပ်မြန်မြန်ပဲ ထလိုက်သည်။ ရေချိုးခန်းဝင်ပြီး တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်ပြီးတာနဲ့ ထမင်းစားခန်းဘက် ထွက်လာခဲ့သည်။

" morning ဒိတ် နိုးလာပြီလား "

မနက်စာပြင်နေရင်း မမက ကျွန်တော့်ကို လှမ်းနှုတ်ဆက်သည်။ မမရဲ့အပြုံးကို မြင်လိုက်တော့လည်း ခုနက မကြည်လင်သောစိတ်တွေဟာ ဆေးလိပ်ငွေ့လို တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ကျွန်တော်လည်း မမကိုပြန်နှုတ်ဆက်ရင်း မမအနားသို့ ကပ်ထိုင်လိုက်၏။

" မနက်စာ ထမင်းနဲ့ ကြက်ဥကြော်ထားပေးတယ် "

" ကျေးဇူးပါ မမ "

" ​ ခဏနေ  မမသူငယ်ချင်းတွေ လာလည်လိမ့်မယ် ဒိတ်နဲ့လည်း မိတ်ဆက်ပေးမယ်လေ "

" ဟုတ်ကဲ့ မမ "

မမဘေးနားထိုင်ပြီး မမပြင်ပေးသော မနက်စာကို စားလိုက်ရတဲ့အတွက် ကျွန်တော်က ချက်ချင်းနိဗ္ဗာန်သို့ ရောက်ရှိသွားပြန်ပြီ။ မနက်တိုင်းသာ ဒီလိုအခွင့်အရေးမျိုးရှိရင်......

ခဏနေတော့ မမရဲ့သူငယ်ချင်းစုံတွဲနှစ်ယောက် ရောက်လာကြသည်။ သူတို့က လက်ထဲက မုန့်များကို မြှောက်ပြရင်း

" မုန့်တွေ ပါလာတယ်ဇာခြည်
ပန်းကန်တွေ ယူလာခဲ့ " လို့လှမ်းအော်ပြောသည်။

မမက သူတို့လက်ထဲက မုန့်များကိုယူပြီး ပန်းကန်ထဲထည့် ပြင်ဆင်နေချိန် ကျွန်တော်ကတော့ ဟိုစုံတွဲနဲ့အတူ စားပွဲ၌အခန့်သား ထိုင်နေ၏။ သူတို့အတွဲက ကျွန်တော့်ကို ပြုံးပြရင်း

မမ ( Complete )Where stories live. Discover now