Part - 13

1.8K 135 3
                                    

အိပ်ယာနိုးနိုးချင်း ဖုန်းဖွင့်လိုက်တော့ အဆက်မပြတ်ပို့ထားသော messenger မှစာများ။

" ဒိတ်
မင်းကို မမပြောစရာရှိတယ် ဇာခြည်ကိုလည်း ပြောထားတယ်
အားတဲ့ချိန် မမကို miss call ပေးပါ "

ကျွန်တော်စိတ်ထဲ နည်းနည်းစိုးရိမ်သွားသည်။ ကျွန်တော်တို့နှစ်ယောက်ကို ပြတ်ခိုင်းတာမျိုး အနေအထိုင် ဆင်ခြင်ခိုင်းတာမျိုးဆို ဒုက္ခ။

အခန်းထဲက ထွက်လာတော့ မမက ကော်ဖီသောက်ရင်း တစ်ခုခုကို တွေးနေပုံရသည်။

" မမ "

" သြော် အင်း ဒိတ် "

ကျွန်တော်ခေါ်လိုက်မှ သတိဝင်လာပုံ

" မင်းမျက်နှာသစ်ပြီးရင် အမြန်လာခဲ့အုန်း "

" ဟုတ်ကဲ့ "

မမလည်း စိုးရိမ်နေပုံရသည်။

ငါတို့နှစ်ယောက်ကို ခွဲရင် ဘယ်လိုလုပ်ရမလဲ
တစ်ခုခုရွေးဆို မမက သူ့ပဲရွေးမှာ အသေချာ
ငါ ကျန်နေခဲ့တော့မှာလား
ငါ ကျန်နေခဲ့တော့မှာလား

သန့်ရှင်းရေးကိုး ကမန်းကတန်းမြန်မြန်လုပ်ပြီး အခန်းထဲက ထွက်လာခဲ့သည်။ သိချင်စိတ်က စိုးရိမ်မှတ်ထက် ကျော်နေပြီ

မမအနား ဘေးချင်းကပ်ထိုင်ရင်း

" သူဘာပြောမလဲ မသိဘူးနော် "

" မင်းဆီလည်း စာပို့ထားတာလား ငါ့ပြပါအုန်း "

ကျွန်တော့်ဖုန်းကို ယူဖွင့်လိုက်တော့ wallpaper က မမပုံ။
မမ ကျေနပ်သလို တစ်ချက်ပြုံးရင်း

" password ကဘာလဲ "

" မမမွေးနေ့ "

" ၇ လုံးတောင် ဖြစ်နေပြီ "

" 161994 "

စာကို ကြည့်ပြီး မမက ခေါင်းကုတ်နေသည်။

" miss call ပေးလိုက်တော့မယ်နော် "

" အင်း "

Messenger မှ miss call ပေးရင်း ခဏစောင့်နေလိုက်သည်။ သူချက်ချင်း အားမယ်မထင်။ သူ့ကိုစောင့်ရင်း ကျွန်တော့်အတွက် ကော်ဖီထဖျော်ကာ မမအတွက် ဒိန်ချဥ်တစ်ဗူး ယူလာပေးခဲ့သည်။

မမ ( Complete )Where stories live. Discover now