Part - 17

2K 137 5
                                    

" မင်းသဘောနဲ့မင်း ထွက်လာတာလား "

ကျွန်တော် သီဟကို မကြည်သလို စိုက်ကြည့်နေလိုက်သည်။ လက်ထဲက စီးကရတ်ကို တစ်ချက်ဖွာလိုက်ရင်း

" ငါက ထွက်မလာလို့ ဘယ်လိုစိတ်နဲ့ ဆက်နေရမှာလဲ "

" ငါသာ မင်းနေရာမှာဆို ရသလောက် ကြိုးစားအုန်းမှာ
သူတို့ယူဖို့ ဆယ်ရက်လောက် လိုသေးတယ်လေ အဲ့ဆယ်ရက်အတွင်း "

" မင်းအခု ကြိုးစားလား "

သီဟ ပါးစပ်ဟောင်းလောင်းနှင့် အသံတိတ်သွားသည်။ ပြီးမှ အရှေ့က မြက်ပင်များကို နှုတ်ရင်း

" ငါက မဖြစ်နိုင်လို့ ရှေ့ဆက်မတိုးတာ "

" အင်း
ငါက မဖြစ်သင့်လို့ နောက်ဆုတ်လိုက်တာ "

အချစ်တစ်ခုမှာ ဘယ်အရာက အရေးကြီးပါသလဲ။ ချစ်နေဖို့ပဲလား ပိုင်ဆိုင်ဖို့ရော မလိုအပ်ဘူးလား။ ကျွန်တော် သေလောက်အောင် ချစ်ပါသည် ဒါပေမယ့် သူ့ဆန္ဒမပါရင် သူ့အနားတောင် မကပ်ခဲ့။ အချစ်ဆိုတာ ဒါကိုပြောတာ ဖြစ်မည်။

" မင်း ဘယ်အချိန်ထိ ဒီမှာနေသွားမှာလဲ "

" ဘာလို့လဲ "

" မင်းမရှိရင် ငါလည်းဆက်မနေချင်ဘူး
မင်းသိလား ငါက မမဇာခြည်ကို ဒီရောက်မှ မြင်ဖူးတာ မဟုတ်ဘူး "

" ဟင် မင်းက ဘယ်အချိန်ကတည်းက "

" ထားလိုက်ပါတော့ "

သီဟက သက်ပြင်းချရင်း ခေါင်းငုံ့ထားသည်။ သူတကယ် မသိစေချင်တဲ့ပုံ ပေါက်တာကြောင့် ကျွန်တော်လည်း ဆက်မမေးခဲ့ပါ။

" ငါလည်း သိပ်မနေပါဘူး မမတို့ယူပြီးရင် ပြန်မှာ "

" အင်း လွမ်းစရာကြီးနော် "

သီဟက ဘာကိုဆိုလိုမှန်းမသိပေမယ့် ကျွန်တော့်အတွက်တော့ တကယ်ကို လွမ်းစရာကြီးဖြစ်သည်။ ချစ်တဲ့မြို့ရော ချစ်သောသူလေးရောနဲ့ သိပ်မကြာခင် ခွဲရတော့မယ်။ တကယ့်ကို ကြေကွဲစရာ။

" ကိုကြီး ဒိတ်
မေမေ ခေါ်နေတယ် "

ခြံထဲက ဒေါ်လှတဲ့သမီးလေး လာခေါ်တာကြောင့် ကလေးကို ချီကာ တဲဘက်သို့ ထွက်ခဲ့သည်။

မမ ( Complete )Where stories live. Discover now