Part - 8

1.8K 142 4
                                    

တူ တူ တူ ( ဖုန်းမြည်သံ )

အိပ်ပျော်နေချိန် ဖုန်းမြည်ကြောင့် စိတ်အနှောက်အယှက် ဖြစ်သွားရသည်။

" ဘယ်ကောင်နှောက်ယှက်ပြန်ပြီလဲကွာ "

အနားကဖုန်းကို လှမ်းယူပြီး ကြည့်လိုက်တော့

" ဟင် မမ "

မှေးစင်းနေသော မျက်လုံးများ ပြူးကျယ်သွားပြီး မီးတောင်ပမာ ပူလောင်ဒေါသတွေလည်း ရေခဲတွေလို အေးချမ်းပြေလျော့သွား၏။

" ဟယ်လို မမပြော "

" ဖုန်းကိုင်တာ ကြာနေလိုက်တာဟယ်
အခုမှ အိပ်ရာနိုးတာလား "

" ဟုတ်တယ်လေ  ( သန်းနေလျှက် ) မမချစ်သူကို လေဆိပ်လိုက်ပို့တယ် မဟုတ်လား အခု ဘယ်ကဆက်နေတာလဲ "

" ဘယ်ကမှမဟုတ်ဘူး လေဆိပ်ကပဲ မင်းဘာလုပ်နေလဲလို့ လှမ်းမေးတာ
အိပ်နေတယ်ဆိုလည်း ဆက်အိပ်  "

" ထပါပြီဗျာ ထပါပြီ
ဒီနေ့တော့ ခြံထဲမသွားတော့ဘူး အိမ်မှာနားမလို့ "

" အင်း အင်း အဲ့ဒါဆို ဒါပဲနော် "

ဖုန်းချပြီးတာနဲ့ မိုး အဆုနဲ့ နေမင်းတို့ထိုင်နေရာဆီ ပြန်လျှောက်လာပြီး

" နင်တို့ ခုနက ဘာတွေပြောနေကြတာလဲ "

" ဘာမှမဟုတ်ပါဘူး ခွဲခါနီးဆိုတော့ သတိရပါ ဘာညာပေါ့ "

" ချစ်လည်း မိုးကို သတိရနေမယ်နော် "

" မိုးက တစ်က္ကန့်တောင် မမေ့ဘူး ဟုတ်ပြီလား
မိုး သွားတော့မယ်နော် အရမ်းချစ်တယ်ဆိုတာ မမေ့နဲ့ "

ခွဲခါနီး ချစ်သူရဲ့ နှဖူးထက် အနမ်းလေးတစ်ပွင့် ခြွေချလိုက်သည်။ ချစ်သူရဲ့ တုန့်ပြန်အနမ်းကလည်း သူမအတွက် ချိုမြိန်လွန်းလှပါသည်။ တစ်ယောက်နဲ့ တစ်ယောက် အချိန်ကြာကြာ စိုက်ကြည့်နေရင်း

" ပြန်လာတာနဲ့ လက်ထပ်မယ်နော် ချစ် "

" မြန်မြန်သာ ပြန်လာခဲ့ ပြန်လာရင် မိုးသဘော ဖြစ်စေရမယ် ဟုတ်ပြီလား "

တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ထားကြသည်။ တခြားစုံတွဲတွေလည်း သူတို့နည်းတူ တခြားမိသားစုတွေလည်း သူတို့နည်းတူ။

မမ ( Complete )Where stories live. Discover now