Part - 5

2K 150 4
                                    

မမရေချိုး အလှပြင်နေတာကို ဧည့်ခန်းထဲ ကော်ဖီတစ်ခွက်ဖျော်သောက်ရင်း စောင့်နေလိုက်သည်။

တံတားပေါ်မှာ သူနဲ့နှစ်ယောက်ထဲ သွားရမှာကို တွေးရင်း...........
ရင်ထဲ ပြောပြလို့မရနိုင်တဲ့ အနေအထားဖြစ်နေ၏။ ပျော်တာထက် ပိုသည် ၊ ကြည်နူးတာထက် သာလွန်ပါ၏။

ခဏနေတော့ မမအခန်းထဲက ထွက်လာသည်။ အနက်ရောင် ထဘီဗြောင်နဲ့ အနီရောင် ပန်းပွင့်ပုံသေးသေးလေးတွေပါတဲ့ ရင်ဖုံးကို ဝတ်ဆင်ထားပုံက ကျွန်တော့်မျက်စိထဲ လှတာထက်ကို ပိုနေသည်။ ကျွန်တော်ကလည်း အနက်ရောင် ဘောင်းဘီရှည် အနီရောင် စပို့ရှပ်အင်္ကျီကို ဝတ်ထားတာမို့ သူအံ့သြနေ၏။

ဦးပိန်တံတားနဲ့ အိမ်က အဝေး​ကြီးမဟုတ်ပေမယ့် နည်းနည်းလှမ်းသေးသည်။ အပြန်လည်းနောက်ကျမှာ စိုးသောကြောင့် ဆိုင်ကယ်နဲ့ သွားရန်ဆုံးဖြတ်လိုက်သည်။ ကျွန်တော် ဆိုင်ကယ်ပေါ်တက်တော့ မမက ကျွန်တော့်ပုခုံးကို ကိုင်ကာ နောက်ကထိုင်၏။

" ခါးဖက်ထားပါလား မမ "

" ဟင် "

" ပုခုံးကိုင်ထားရင် မနေတတ်လို့ ချုပ်ထားသလို ခံစားရလို့ "

" sorry နော်
မမနောက်က လက်တန်းကိုပဲ ကိုင်ထားလိုက်မယ် "

သြော်........
အင်းပါ။

တံတားရောက်တော့ ညနေ ၄ နာရီရှိပြီ။ အသိ အထည်ဆိုင်တစ်ခုမှာ ဆိုင်ကယ်ကို ခဏအပ်ထားခဲ့ရင်း မမနဲ့ ဦးပိန်တံတားဘက် လှမ်းလာခဲ့သည်။ လက်ချင်းမကိုင်ထားပေမယ့် ဘေးချင်းကပ်အနေအထားဆိုတော့ မသိတဲ့သူတွေအတွက် ချစ်သူသမီးရည်းစားလို့ ထင်ကြမှာ အသေအချာ။

ညနေ လေလေးတဖြူးဖြူးနဲ့ တံတားပေါ်မှာ လူကလည်း ရှုပ်ထွေးနေဆဲ။ ကျွန်တော်တို့ကို ချစ်သူလို့ ထင်နေကြပါပြီ။ တစ်ချို့ မိန်းကလေးတွေ အဒေါ်တွေက
" ချစ်စရာလေးတွေနော်
ဟိုအတွဲလေးက လိုက်တယ် " ဆိုပြီး ပြောသံခပ်သဲ့သဲ့ကို ကြားရတယ်။ သူလည်း ကြားရမှာပါ။ သူက ဘယ်လိုနေတယ်မသိ ကျွန်တော့်မှာတော့ ရင်ခုန်သံတွေ ဘယ်လိုမှ ထိန်းမရနိုင်။

" မမ "

" ဟင် "

" ကျွန်တော်တို့ကို အတွဲလို့ထင်နေကြတယ်နော် "

မမ ( Complete )Where stories live. Discover now