Part - 4

2.1K 152 5
                                    

မနက်ခင်းနိုးနိုးချင်း အလွမ်းသီချင်းသံသဲ့သဲ့ကို စကြားရသည်။ ညက သောက်ထားတဲ့အရှိန်ကြောင့် လူကလည်း မူးဝေဝေဖြစ်နေ၏။ တစ်ယောက်တစ်ပုလင်းက စတင်လိုက်တာ စားပွဲပေါ် ပုလင်းတွေ ပုံထပ်ကုန်သည်။ မမတစ်ယောက်လည်း ဘယ်လိုနေမယ်မသိ။

မူးနေတာတောင် ကျွန်တော့်ကိုအနား အကပ်မခံတဲ့ မိန်းကလေး။ အခန်းထဲ တွဲပို့မယ်ဆိုတာတောင် ရတယ်ဆိုပြီး ဒယိမ်းဒယိုင်နဲ့ သူ့ဘာသာ ထသွားသည်။ မူးနေတာတောင်............

ကျွန်တော်အခန်းတွေထဲ လှည့်ပတ်ကြည့်သော်လည်း မမကို မတွေ့။ မနိုးသေးဘူး ထင်ပါသည်။

မမအခန်းရှေ့သွားပြီး နှိုးမယ်လို့ တွေးမိသည်။ အချိန်ကလည်း မနက် ၉နာရီကျော်နေပြီ။

" မမရေ မမ "

တံခါးကို ခပ်ဖွဖွခေါက်ရင်း နှိုးလိုက်သည်။ ဘာသံမှပြန်မကြား

" မမ "

" ဖွင့်ထားတယ် ဝင်လာခဲ့ "

မသဲမကွဲနဲ့ လုံးထွေးနေသော အသံကိုကြားရသည်။ အရှိန်ပြယ်ပုံ မပေါက်သေး။

" ဟာ "

မမအိပ်ရာဘေးတစ်ခုလုံး ရှုပ်ပွနေသည်။ ကြွေပြားပေါ်မှာလည်း အန်ထားတာတွေ။

" မမ အန်ထားတာလား "

" ဟင် "

ထိုသို့ပြောလိုက်သောအခါ အိပ်နေရာမှ ရုတ်တရတ် ထသည်။ ပြီးတော့ ကြွေပြားပေါ် ကြည့်ကာ

" ဟယ် ရွံလိုက်တာ "

သူ့အဝတ်အစားတွေ သူပြန်နမ်းကြည့်သည်။ နံနေပုံရ၏ နှာခေါင်းလေးရှုံ့ကာ

" ဒိတ် အပြင်ထွက်နေ
မမဒါတွေ ရှင်းလိုက်အုန်းမယ် "

မမကိုကြည့်ရတာ တော်တော်ရွံနေပုံရသည်။ ကျွန်တော့်ကို အပြင်ထွက်ခိုင်းပြီး သူလည်း ရေချိုးခန်းသို့ ပြေးသည်။

" ဟင် ဒိတ် "

မမရေချိုးခန်းသို့ပြေးချိန် ကျွန်တော်အားလုံးကို ဆေးကြောထားပြီး ရေများကို အဝတ်တစ်ခုနဲ့ သုတ်ပေးနေသည်။

" မမ အဆင်ပြေရဲ့လား ကျွန်တော်ကော်ဖီဖျော်ပေးမယ်နော် "

" ငါအားလည်းနာတယ် အံ့လည်းအံ့သြတယ် ဒိတ် "

မမ ( Complete )Where stories live. Discover now