Part - 15

1.8K 134 5
                                    

" ငါကတော့ ဇာခြည်ကို မင်းနဲ့ပဲ သဘောတူတယ် "

" ကျွန်တော်က ဘာလို့လဲ "

" ဇာခြည်ကို ကြည့်ရတာ
မင်းနဲ့အတူရှိနေချိန်နဲ့ မိုးနဲ့ရှိနေချိန် မတူဘူးကွ "

" ဘယ်လိုမျိုးလဲ "

ကိုနေမင်းက ရှေ့က ကော်ဖီတစ်ခွက်ကို သောက်ရင်း ခဏစဥ်းစားနေသည်။ ပြီးတော့ တိတ်ဆိတ်​
ငြိမ်သက်နေသော ကော်ဖီဆိုင်လေးကို လက်ပိုက် ကြည့်နေရင်း ပြုံးနေ၏။

" ငါနဲ့အဆု သိပ်မကြာခင် ယူတော့မယ်
နှစ်ယောက်အတူ ဖွင့်ထားတဲ့ ဆိုင်လေးကလည်း အခုဆို တော်တော့်ကို အဆင်ပြေနေပြီလေ "

" အကိုကလဲဗျာ ကျွန်တော်တို့အကြောင်းပြောရင်း ဒီဘူတာကို လာစိုက်နေပြန်ပြီ "

ဒီတော့ ကိုနေမင်းက ဟက်ဟက်ပက်ပက် ရယ်မောကာ

" လူဆိုတာ ကိုယ်ချစ်တဲ့သူနဲ့မှ မျှော်လင့်ချက် အိမ်မက်တွေကို ဖန်တီးချင်တာကွ "

" အင်း "

" ဇာခြည်တစ်ခါပြောဖူးတယ်
ငါနဲ့ဒိတ်လည်း ဆိုင်လေးတစ်ဆိုင် ဖွင့်မယ်လို့ သူပြောဖူးတယ်ကွ "

ကျွန်တော် ကျေနပ်သလိုတော့ ရှိမိသည် ဒါပေမယ့် မဖြစ်နိုင်ပါ။

" ဒါပေမယ့် သူက မမမိုးရဲ့အချစ်ကို လက်ခံလိုက်ပြီလေ "

" အင်း "

ကျွန်တော်နဲ့ကိုနေမင်း ခဏတိတ်ဆိတ်နေကြသည်။

" မပိုင်ရလည်း နေပါဗျာ သူ့စိတ်ထဲ ကျွန်တော်ရှိနေတာနဲ့ပဲ လုံလောက်ပြီ "

ကိုနေမင်းက ဘာမှပြန်မပြော။ ခဏကြာမှ

" အင်း သူဘယ်လိုဆုံးဖြတ်မလဲ ငါမသိဘူး "

" ကျွန်တော်ပြန်အုန်းမယ်ဗျာ ညကလည်း မအိပ်ရသေးဘူး "

" အင်း "

ကိုနေမင်းကို နှုတ်ဆက်ရင်း အိမ်သို့တန်းပြန်လာခဲ့သည်။ နောက်လဆို မမတို့ယူကြတော့မည် မဟုတ်ပါလား။ ချက်ချင်းမပြန်ချင်သေးတာမို့ ခြံထဲသွားအိပ်ဖို့ တွေးထားသည်။

တစ်နေ့ကျရင် အရာရာဟာ နေသားတကျဖြစ်သွားမယ်လို့  ကိုယ့်ကိုယ် ပြန်လိမ်ရင်း.........

မမ ( Complete )Where stories live. Discover now