မမ ( The end )

5.7K 233 27
                                    

" မနက်ဖြန် လာဖြစ်အောင်လာနော် ဒိတ် "

" စိတ်ချပါ မမမိုး "

ကိုယ့်ရင်ကို ခွဲပြီး ကိုယ့်နှလုံးသားကို လုယူသွားတဲ့သူမကို ရန်သူတစ်ယောက်လို သဘောမထားပါ။ သူနဲ့ထိုက်လို့ သူရခဲ့တယ်လို့ မှတ်ယူထားသည်။ ကိုယ့်ကို အခွင့်အရေးတွေ အများကြီး ပေးပါရက်နဲ့ ကိုယ်က အသုံးမကျခဲ့ပါ။

စွန့်လွှတ်ခြင်းကို မြတ်တယ်လို့ တွေးထားသမျှ ဒီတစ်ခါတော့ နောင်တရမိသည်။ ကိုယ့်နှလုံးသားလေး အတည်ကွဲပြီ။

" အမ ပြန်တော့မယ်နော် "

" ဟုတ်ကဲ့ "

တစ်ယောက်ကိုတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြပြီး အိမ်ပြန်လမ်းမှာ လမ်းခွဲလိုက်သည်။ သူက မမဆီ ပြန်သွားပြီး ကျွန်တော်က ခြံဘက်သို့ ပြန်လာခဲ့သည်။

လမ်းမှာ အရှုံးဆိုသော ခလုတ်တစ်ခုကို တိုက်မိသည်။ အရမ်းလေးလံပေမယ့် မနိုင်နိုင်အောင် မပြီး ဘေးသို့ ရွှေ့လိုက်သည်။ ဒီခလုတ်ကို နောက်နောင် ဘယ်သူ့ကိုမှ မတိုက်စေချင်။

" ကိုကြီး "

ခြံဝရောက်တော့ ကလေးမလေးက ပြေးလာသည်။ မျက်ရည်များဝဲရက်နဲ့ပင် ကလေးမလေးအား ချီကာ ပွေ့ဖက်နမ်းရှိုက်လိုက်သည်။

" ကလေးလေး "

ကလေးကို ပွေ့ချီရက်ပင် မျက်ရည်များ စီးကျလာသည်။ သီဟ လာနေတာကို မြင်မှ ကလေးကို ပြန်ချကာ မျက်ရည်များ သုတ်ရင်း

" အဆင်မပြေလိုက်တာကွာ "

ကျွန်တော် ပြုံးရင်း ပြောလိုက်သည်။

" အင်း
နောက်တစ်ပတ်နေရင် ငါအလုပ်ထွက်တော့မယ် "

" အင်းပါ "

" ဦလေးတို့ဆီ သွားလိုက်အုန်း "

ကလေးလက်ကို ဆွဲရင်း တဲဘက်သို့ လျှောက်လာခဲ့သည်။

" ကျွန်တော် မရှိတော့တဲ့နောက် အစစအရာရာ ဂရုစိုက်ကြနော်
အမြဲတမ်း သတိရနေမယ် "

" မပြန်ပါနဲ့လားကွယ် "

ဒေါ်လှမျက်နှာ မကောင်းတာကို ကြည့်ရင်း ကျွန်တော်စိတ်ထဲမကောင်းပါ။ဦးလေးကတော့

မမ ( Complete )Where stories live. Discover now