Part - 3

2.4K 166 1
                                    

" ကြည့်ရတာ မငြိမ်မသက်နဲ့ ချစ်ရယ်
ဘာဖြစ်နေတာလဲ "

နာရီကြည့်လိုက် ဆိုင်ပြင်ကြည့်လိုက်ဖြစ်နေသော ဇာခြည်ကို မိုးသူဇာစိတ်မရှည်တော့ပါ။ နှစ်ယောက်လုံးက အလုပ်ကိုယ်စီမို့ တွေ့ရချိန်က အလွန်နည်းပါးသည်။ ဖုန်းပြောချိန်ဆိုတာလည်း ညဘက်အိပ်ခါနီးလောက်သာ။

" အိမ်မှာ ဟိုကလေးတစ်ယောက်ထဲလေ
သူ့ကိုအိမ်မှာထားခဲ့ပြီး ချစ်ကအပြင်ထွက်နေတော့ ကောင်းပါ့မလား
သူကလည်း ရောက်တာဖြင့်မကြာသေးဘူး "

" သူ့ကို စာပို့ထားတယ်မဟုတ်လား
ချစ်ကလည်း
မိုးခဏနေ လိုက်ပို့ပေးပါ့မယ်
အခုတွေ့ရချိန်တော့ တစ်ပတ်စာအလွမ်းပြေအောင် ကြည့်ပါရစေအုန်း "

" ပြောပြန်ပြီ အပိုတွေ "

ချစ်သူရဲ့မျက်စောင်းလှလှလေးကို ခံယူရင်း မိုးသူဇာ သဘောကျ ကျေနပ်နေတော့သည်။ တက္ကသိုလ်ကျောင်းသူ ဘဝကတည်းက ချစ်ခဲ့ကြသော သူတို့အတွဲလေးက အခုဆို ချစ်သူသက်တမ်း ရှစ်နှစ်ကျော် ကိုးနှစ်ဖြစ်နေပြီ။ နှစ်ဖက်မိဘလည်း သဘောတူကြည်ဖြူ အပေါင်းအသင်းတွေကလည်း လက်ခံထားသော ကြည်နူးဖွယ်အတွဲလေးဖြစ်သည်။

" မိုး ပြန်ရအောင် နောက်ကျရင် မကောင်းဘူး "

တနင်္ဂနွေပိတ်ရက် ညနေတိုင်း သူတို့နှစ်ဦး ဒီကော်ဖီဆိုင်လေးထဲ အမြဲထိုင်ဖြစ်သည်။ တစ်ပတ်လုံးမှာ တစ်ရက်လောက်သာ တွေ့ရတာမို့ တွေ့ပြီဆိုရင်လည်း အိမ်ကိုပင် မပြန်ချင်တော့ပါ။ အခု ဟိုကလေးရောက်နေတာကြောင့် အလွမ်းနဲ့ ခွဲရပြန်ပြီ။

........................................................

အိမ်ရှေ့ဆိုင်ကယ်သံကြားတာနဲ့ မမပြန်ရောက်ပြီဆိုတာ သဘောပေါက်လိုက်သည်။ လက်က နာရီကို ကြည့်လိုက်တော့ ညနေ ၆နာရီခွဲ။

" ဒိတ် ဘာထိုင်လုပ်နေတာလဲ "

အိမ်ထဲသို့ဝင်ဝင်ချင်း ဧည့်ခန်းထဲ ခြေချိတ်ထိုင်နေသော ဒိတ်ကြောင့် ဇာခြည်လန့်ရပါသေးသည်။ အမြဲ ပြုံးပြုံးရွှင်ရွှင်နေတတ်သူလေးက အခု ခုံကိုမှီပြီး ခြေချိတ်ထိုင်နေသည်မှာ တစ်မျိုးလေးဖြစ်နေသည်။

မမ ( Complete )Where stories live. Discover now