Part - 11

1.8K 128 4
                                    

ညနေခင်း နေဝင်ချိန်က ခါတိုင်းနေ့တွေထက် ပိုပြီး လှပနေသည်။ နှစ်ဦးသဘောတူ သတ်မှတ်ထားတဲ့ ချစ်သူနှစ်ဦးမှာလည်း တစ်ယောက်ကို တစ်ယောက် ထွေးဖက်ထားရင်း နေဝင်ချိန်နဲ့အတူ လှလှပပရှိနေသည်မှာ ပန်းချီကားတစ်ချပ်လို။

တစ်ယောက်ကပုခုံးကိုမှီ တခြားတစ်ယောက်က ခါးကိုဖက်ထားရင်း ချစ်စကားလေးတွေ ပြောနေကြသည်မှာ အိမ်တန်းတက်တဲ့ ငှက်ကလေးတွေတောင် ပြန်လည်ငေးမောရတဲ့အထိ။ ချစ်သူနှစ်ဦး တစ်ယောက်ကိုတစ်ယောက် အရမ်းကို ချစ်ကြတဲ့ သူတို့နှစ်ဦး။

" မမ "

" ဟင် "

ကျွန်တော့်ပုခုံးကို မှီထားရင်း အတွေးတွေ များနေသော မမအား တကယ်ကို သနားမိသည်။

" ပြောလေ ဒိတ် ဘာပြောမလို့လဲ "

ဟင်း..........

" စိတ်ညစ်စရာတွေ မတွေးပါနဲ့ ဒိတ်ရယ် "

ကျွန်တော့်လက်ကို ဆုတ်ကိုင်ပြီး မမက အားပေးစကားပြောနေသည်။ မမရဲ့ မျက်နှာမှာလည်း အဆင်မပြေမှု အရိပ်အယောင်တွေ ထင်ထင်ရှားရှား မြင်နေရသည်။

" ကျွန်တော့်ကြောင့် မမစိတ်ညစ်နေရပြီ "

" မဟုတ်တာ ဒိတ်ရယ် "

" ကျွန်တော့်ကြောင့် မမက ကျွန်တော့်ကြောင့်ပါဗျာ "

မမကို ဖောက်ပြန်တဲ့မိန်းကလေးလို့ တခြားသူတွေမြင်မှာကို မလိုလားပေ။

တစ်ယောက်ကိုတစ်ယောက် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားရင်း နှစ်သိမ့်ပေးနေမိသည်။ ကြင်ကြင်နာနာ နမ်းဖို့ကိုတော့ လိပ်ပြာမလုံနိုင်ပါ။

" ပြန်ကြရအောင် မမ "

စိတ်ညစ်စရာတွေကို အတတ်နိုင်ဆုံးဖျောက်ထားပြီး မတ်တပ်ရပ်ကာ မမကို လက်ကမ်းခေါ်သည်။ တစ်ယောက်လက်တစ်ယောက်ဆွဲကာ နေဝင်ချိန်မှာ အိမ်သို့ပြန်ခဲ့ကြသည်။

စားသောက်စရာများကို အတူတူချက်ပြုတ်ကြရင်း စုံလင်သော အရသာ မစားဖူးသော အရသာများလည်း ထူးထူးကဲကဲ ခံစားကြရသည်။

မမရဲ့ နှုတ်ခမ်းဖူးဖူးလေးကို ကြည့်ရင်း အိမ်ရှေ့မှာ ဖူးငုံနေသော နှင်းဆီဖြူကို လှောင်မိလိုက်သည်။

မမ ( Complete )Where stories live. Discover now