Part - 12

1.8K 125 6
                                    

အိပ်ယာနိုးထချိန်မှာ ကျေးငှက်သံတွေလည်း မကြားရ။ ပဲပြုတ်သည်သံတွေလည်း နားစွန်နားဖျားလေးတောင် မကြားရပါ။ လူသံတစ်ချို့နဲ့ သီချင်းသံသဲ့သဲ့ကိုတော့ ကြားနေရသည်။

မျက်ခွံကို လေးလေးလံလံဖွင့်လိုက်တော့ စူးရှနေသော နေရောင်ခြည်က ကိုယ့်အတွက်စိတ်အနှောက်အယှက် ဖြစ်စေသည်။

" ကျွတ် "

စုပ်သတ်ရင်း ဘေးကိုကြည့်လိုက်တော့ နေရောင်ထက် ပိုတောက်ပသော အလင်းတန်းလေးက ကျွန်တော့်နား အိပ်မောကျနေသည်။ အလင်းတန်းလေး ဆိုပေမယ့် မျက်စိထဲမစူးရှပဲ အေးမြကြည်လင်နေသည်။

ထိုအလင်းတန်းလေးကို ကြည့်နေရင်း ကျွန်တော်စိတ်ပါလက်ပါ ပြုံးလိုက်မိသည်။ နှဖူးထက်ဝဲကျနေသော ဆံပင်တစ်ချို့ကို ဖယ်ရှားပေးကာ ကျွန်တော့်နှာထိပ်လေးနဲ့ ကြာကြာလေး ဖိကပ်ထားလိုက်သည်။

" နိုးနေတာ ကြာပြီလား "

မျက်လုံးမဖွင့်ပဲ အိပ်ချင်မူးတူးအသံနဲ့ ကျွန်တော့်ကို မေးနေသောမမကို ခါးလေးကနေ ပွေ့ဖက်ထားပြီး အနားတိုးလိုက်ကာ

" အခုမှ နိုးတာ
အရမ်းချစ်တယ် မမ "

" အင်းအင်း "

" ကျွန်တော့်ကို ချစ်လား "

" morning ဒိတ် "

ကျွန်တော်ပွေ့ဖက်ထားသော လက်များကို ဖြည်ရင်း အခန်းထဲမှ ထွက်ခွာသွားသည်။ ကျွန်တော်သာ အခန်းထဲမှာ ငူငူငိုင်ငိုင်ကျန်ရစ်ခဲ့သည်။

ကိုယ့်အတွေးနဲ့ကိုယ် သဘောတွေ့ကာ ပြုံးမိပြီး ရေချိုးခန်းဘက် ထွက်လာခဲ့သည်။ ခြံထဲကိုလည်း မရောက်ဖြစ်တာမို့ ဒီနေ့တော့ သွားဖြစ်အောင် သွားရအုန်းမည်။

" ဒိတ် ဘာစားမလဲ ဘာမှတော့မရှိသေးဘူး "

" ကျွန်တော်ခြံထဲသွားမလို့ လမ်းမှာပဲ ဝင်စားလိုက်တော့မယ် မမရော လိုက်အုန်းမလား "

" အင်း လိုက်ခဲ့မယ် "

နှစ်ယောက်အတူတူ ခြံတံခါးများကို သေချာစွာသော့ခတ်ရင်း ဆိုင်ကယ်နှင့်ခြံဘက်သို့ ထွက်လာခဲ့သည်။

" ထမင်းဆိုင်ရှေ့ ရပ်လိုက်မယ်နော် "

" အင်း "

မမ ( Complete )Where stories live. Discover now