Part - 7

1.9K 146 3
                                    

" ဒိတ်ကို ကြည့်ရတာ အသားမဲသွားသလိုပဲ မျက်နှာကလည်း မရွှင်မလန်းနဲ့ "

" အသားမဲတာက တစ်ချိန်လုံး ခြံထဲမှာချည်းပဲလေ ကျွန်တော်မစောင့်ရင်လည်း ရေလောင်းတဲ့သူတွေက အချိန်မမှန်ဘူးဗျ
မျက်နှာမလန်းတာကတော့ မလန်းအောင် လုပ်တဲ့သူကြောင့်ပေါ့ "

" ​ပြောလိုက်ရင် ရှေ့မလွတ် နောက်မလွတ်နဲ့ "

" ဒါနဲ့ မမ
ခြံထဲလိုက်အုန်းမလား "

" အင်း လိုက်မယ် "

" ကျွန်တော် လွယ်အိတ်သွားယူလိုက်အုန်းမယ် မမလည်း လိုချင်တာရှိရင် ယူထားလေ "

ကျွန်တော် အခန်းထဲပြန်ဝင်ပြီး လွယ်အိတ်ကိုယူကာ စားစရာအချို့ နဲ့ ဆရာဖေမြင့်ရဲ့ နှလုံးသားအာဟာရ စာအုပ် ၂ အုပ်ကို ထည့်လိုက်သည်။
အခန်းထဲက ပြန်ထွက်လာတော့

" ဒိတ် အတွက် "

" ဟာ မမ "

" မနေ့က စျေးထဲသွားရင်း ဒိတ်ကြိုက်မယ်ထင်လို့ ဝယ်လာပေးတာ "

" ကြိုက်တာပေါ့ မမရဲ့ အင်္ကျီကလည်း ကျွန်တော့်အကြိုက် အစိမ်းနဲ့ အညိုကလည်း ကျွန်တော်အကြိုက်ဆုံးတွေလေ "

" ကဲ ဒါဆို အင်္ကျီတွေကို အခန်းထဲသွားပြန်ထားအုန်း ခြံထဲသွားကြမယ် "

ကျွန်တော် ဆိုင်ကယ်မောင်းနေချိန် မမက အနောက်ကနေ တစ်လမ်းလုံး ဘာတွေပြောလို့ ပြောနေမှန်းမသိ။ အစကတော့ ငါမမက အနေအေးတယ်လို့ထင်ခဲ့တာ အခုသိလည်းသိရော ပြောလိုက်တဲ့စကား ရေပတ်မဝင်။

" ဒိတ် ဒိတ်လို့ "

" ဗျာမမ "

" မမ ဘာတွေလိုသေးလဲ "

" အခုဘာတွေထည့်လာလဲ "

" အချိုရည်နဲ့ မုန့် "

ကျွန်တော်ပြုံးမိသွားသည်။ ဘာတွေလိုသေးလဲ ဆိုတာ မုန့်ကိုမေးတာ ထင်တယ်။ တကယ့် အရူးမလေး။

" ဒိတ် ဘာလိုသေးလဲလို့ "

" ဘာမှမလိုဘူး ကျွန်တော့်အနားရှိနေဖို့ပဲ လိုတယ် "

" အမလေး ရင်ခုန်လိုက်တာ စကားတွေက "

တစ်လမ်းလုံး ပျော်ရွှင်ဖွယ် ပေါက်ကရတွေပြောရင်း ခြံထဲသို့ ရောက်ခဲ့သည်။

မမ ( Complete )Where stories live. Discover now