Part - 10

1.9K 145 7
                                    

" ချစ်လေးရေ morning
အိပ်နေတုန်းလား
မိုးက အခုမနက်စာ စားနေတာ
ချစ်လည်း မနက်စာ စားဖို့ မပျင်းနဲ့နော်
အရမ်းချစ်တယ် အာဘွား "

အိပ်ရာနိုးနိုးချင်း မိုးရဲ့မတ်ဆေ့များက ကျွန်မရင်ကို နွေးထွေးသွားစေသည်။ မနက်ခင်း အိမ်ရှေ့စံပယ်ပန်းရနံ့နဲ့ မိုးရဲ့ မတ်ဆေ့များက ကျွန်မရဲ့တစ်နေ့တာကို ပိုပြီး လှပစေပါသည်။

" နိုးပြီ မိုးရေ morning ပါနော်
မနက်စာလည်း စားပါ့မယ်ရှင့်
မိုးစကားကိုလည်း နားထောင်ပါ့မယ်
ပြီးရင် မိုးကိုလည်း အများကြီး ပိုချစ်ပါ့မယ် "

တစ်ယောက်နဲ့ တစ်ယောက် မတ်ဆေ့လေးတွေပို့ video call တွေပြောရင်း အလွမ်းဖြေနေရပေမယ့် လေတိုးသံလေး ကြားရင်တောင် သူ့ရဲ့စကားသံလို့ ကြားယောင်မိသည်။ ဒီလောက်ထိ သူ့ကို ကျွန်မ သိပ်ချစ်ပါသည်။ ထို့အတူ............

ဖုန်းထဲကနေ ခင်မောင်တိုးရဲ့ ချစ်သူသိစေ သီချင်းလေးဖွင့်ပြီး ရေချိုးခန်းသို့အလာ

" ဒီမနက် ဘာမှမလုပ်ထားဘူး "

ဧည့်ခန်းထဲ ထိုင်ပြီး ကျွန်မကို မကြည်သလို ကြည့်ကာ စူပုပ်ပုပ်နဲ့ ပြောနေသည့် ဒိတ်ကိုသနားဂရုဏာ ဖြစ်မိပါသည်။

" ဒါဆိုလည်း ထားပါ မမဘာသာလုပ်လိုက်မယ်
ဒိတ် ဘာစားချင်လဲ မမကိုပြောလေ "

" မမသာ ရေသွားချိုးလိုက်ပါ ပြီးရင်အဝတ်အစားလဲ အပြင်မှာသွားစားကြမယ် "

ကျွန်မခေါင်းကုပ်ရင်း ရေချိုးခန်းသို့ ဝင်လာခဲ့သည်။ ဘာမှမဆိုင်ပေမယ့် အိုင်းရင်းဇင်မာမြင့်ရဲ့ ရင်ဘတ်ထဲက လူနှစ်ယောက် သီချင်းကို ခပ်တိုးတိုး ညည်းမိသည်။

" စိတ်ရှုပ်လိုက်တာ "

မှန်တင်ခုံရှေ့ အလှပြင်နေချိန် ဒိတ်က ကျွန်မအိပ်ရာထက်မှာ ဖုန်းသုံးရင်း စောင့်နေသည်။

" ဒိတ် "

" အင်း "

" ခြံထဲ ဘယ်အချိန်သွားမှာလဲ "

" နေ့ခင်းစားသောက်ပြီးမှ သွားမယ်
ဘာလို့လဲ မမ "

" ဒီတိုင်း မေးကြည့်တာ အချိန်ရရင် ညနေ တံတားပေါ် လမ်းလျှောက်ထွက်မလို့ "

မမ ( Complete )Where stories live. Discover now