Part - 14

1.8K 134 6
                                    

နှိုးစက်ကြောင့် အလန့်တကြားနိုးပြီး
နာရီကြည့်လိုက်တော့ မနက် ၄ နာရီ။

ရေချိုးခန်းအမြန်ဝင်ပြီး ရေချိုး တစ်ကိုယ်ရည်သန့်ရှင်းပြီးတာနဲ့ ကြိုတင်စီစဉ်ထားတဲ့ အဝတ်အစားကို ဝတ်လိုက်သည်။ မှန်ထဲ ကိုယ့်ကိုယ်သေချာပြန်ကြည့်ရင်း ဆံပင်ကို သပ်သပ်ရပ်ရပ်လေး ဖြစ်အောင် ပြုပြင်နေလိုက်သည်။

လေလေးချွန်ကာ ရေမွှေးလေးဆွတ် စားပွဲပေါ်က နှင်းဆီအဖြူရောင် ပန်းစည်းလေးကိုပိုက်ပြီး အံဆွဲထဲက ကတ္တီပါအနီနဲ့ ရွှေဗူးလေးကို ဖွင့်လိုက်သည်။ အားလုံးအဆင့်သင့်ဖြစ်နေပြီမို့ ဖုန်းက နာရီကို တစ်ချက်ကြည့်လိုက်သည်

မနက် ၄ နာရီ ၅၈ မိနစ်

မမရဲ့မွေးနေ့အတွက် ပျော်စရာ suprise ဖြစ်မယ်ထင်သည်။ ဒါကို လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်ကတည်းက စီစဥ်ထားခြင်းဖြစ်သည်။ အခန်းတံခါးဖွင့်ပြီး ထွက်မယ်အလုပ် အောက်က လူသံတစ်ချို့ကြောင့် ပြတင်းတံခါးဝက ကြည့်လိုက်သည်။

" ဟင် မမမိုး "

ကျွန်တော်အိမ်မက် မက်နေတာများလား။ မမမိုးနဲ့ ကိုနေမင်းတို့စုံတွဲ အိမ်ရှေ့မှာ ရပ်နေကြသည်။ မမဆုက ဖုန်းဆက်ပြီး တစ်ယောက်ယောက်ကို ခေါ်နေပုံရသည်။

တစ်ဖက်အခန်းမှ ဖုန်းသံကြားနေရသည်။ ထို့အတူ ကျွန်တော့်ရင်ခုန်သံတွေလည်း မြန်နေသည်။ လူလည်း တစ်ကိုယ်လုံး ထူပူလျှက်.........

........................................................

ဖုန်းသံကြောင့် ကျွန်မလန့်နိုးသွားရ၏။ ခေါ်တဲ့နံပါတ်ကို ကြည့်လိုက်တော့ အဆု။

" hello အဆုပြော "

အိပ်ချင်မူးတူးအသံနဲ့ ကျွန်မပြောလိုက်သည်။

" အိပ်အပြင် ခဏထွက်ခဲ့ပါရှင့် "

ကျွန်မ မွေးနေ့ဖြစ်တာကြောင့် သူတို့တစ်ခုခု စီစဥ်ထားတယ်ဆိုတာတော့ သဘောပေါက်လိုက်သည်။ ဆံပင်ထဖြီးပြီး မျက်နှာတောင် မသစ်အား ထွက်လာခဲ့သည်။

" မိုး........ "

ဘုရားရေ အိမ်မက်တစ်ခုများလား မိုးက ကျွန်မအိမ်ရှေ့ရောက်နေသည် ကျွန်မရှေ့တည့်တည့် ရောက်နေသည်။

မမ ( Complete )Where stories live. Discover now