Part -16

1.8K 133 6
                                    

" ဒိတ် သူနဲ့ခပ်ခွာခွာလေး နေပေးပါလား "

" အချိန်တန်ရင် သူက မမမိုးနဲ့ ယူမှာပဲလေ ဒီတစ်လလေးတော့ သူ့အနားနေချင်သေးတယ် "

" ပတ်ဝန်းကျင် အမြင်ကို မင်းတို့ဂရုမစိုက်ဘူးလား  "

" အချိန်တန် သူတို့ တိတ်သွားမှာပါ "

" မမ မင်းကို တောင်းပန်နေတာပါ ဒိတ်ရယ် "

" ကျွန်တော်လည်း အနူးအညွတ် ပြန်တောင်းပန်ပါတယ် မမမိုး
ဒီတစ်လလေးပါပဲ "

မိုးက စိတ်ပျက်သွားသလိုနဲ့ သက်ပြင်းချလိုက်သည်။ မိုးနဲ့လာတွေ့တယ်ဆိုတာ မမကို အသိမပေးခဲ့။ ပျင်းလို့ အပြင်ခဏသွားမယ်လို့သာ ပြောခဲ့သည်။

" မင်းတို့ ဒီလိုဆက်နေမယ်ဆို အမနောက်ဆုတ်ပေးရမလား "

ဒီလိုလည်း မဖြစ်နိုင်။ မမကို သူချစ်တဲ့ သူနဲ့ ပေါင်းဖက်စေချင်သည်။ မမကို ဘယ်သူ့ကို ပိုချစ်လဲလို့ မေးလိုက်တိုင်း မိုးကို ပိုချစ်တယ်လို့ ဖြေသည်။ ဘယ်သူ့ကို ယူမလဲဆို မိုးကို။ ဒါကြောင့်မို့ မမမိုးကိုလည်း နောက်မဆုတ်စေချင်။

" ကျွန်တော် နောက်ဆုတ်ပါ့မယ် "

" မင်းတို့ ချစ်တာက ချစ်လို့ရပါတယ် ဒါပေမယ့် မနေ့ညကလို "

မမမိုးက စကားကို ရပ်ထားရင်း ကျွန်တော့်ကို တစ်ချက်ကြည့်သည်။မနေ့ညက မမမိုး မြင်ခဲ့တာပေါ့။
မနေ့ညက ဖုန်းခေါ်ထားတာ မြင်လို့ ဆက်လိုက်တော့ ကျွန်တော့်ကို ဒီနေရာ ချိန်းခဲ့သည်။

" စိတ်ချပါ ကျွန်တော်နောက်ဆုတ်ပေးပါ့မယ်
ဒါပေမယ့် တစ်ခုလောက်ပြောချင်တယ် ဒီဇာတ်လမ်းကို အတင်းစခဲ့တာ ကျွန်တော်ပါ မမနဲ့ဘာမှမဆိုင်ပါဘူး မမအပေါ် နည်းနည်းတောင် စိတ်မကွက်စေချင်ဘူး "

" အင်း "

ကျွန်တော် မမမိုးကို နှုတ်ဆက်ပြီး နေရာမှ ထွက်လာခဲ့သည်။ လမ်းဘေးကွမ်းယာဆိုင်က ဆေးလိပ်ကို ဝယ်ယူပြီး မီးညှစ်ကာ ဖွာနေသည်။ ပြန်ခဲ့တဲ့ လမ်းတစ်လျှောက် ဆေးလိပ်မီးခိုတွေကြောင့် မျက်ရည်များ ဝဲတက်လာသည်။ မျက်ရည်များကို လက်ဖမိုးနဲ့သုတ်ရင်း အားတင်းထားလိုက်သည်။

မမ ( Complete )حيث تعيش القصص. اكتشف الآن