အပိုင်း (၁)

7.3K 88 0
                                    

လွန်ခဲ့တဲ့ ​နှစ်​တွေမှာ လုံးဝထုတ်မကြည့်ခဲ့တဲ့ သတ္တာဘူး ကိုဖွင့်ကြည့်ဖို့ကြိုးစားမိသည်။ ဖွင့်မကြည့်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့​​သော်လည်း မသိစိတ်ရဲ့စေခိုင်းမှု​ တစ်ခုထဲ​ကြောင့်သာ...

မှန်ပြတင်း​ပေါက်မှဝင်လာသည့် လမင်းအ​ရောင်​ကြောင့် ​အလင်း​ရောင်​ဖျော့​တော့​တော့ ကျ​နေ​တဲ့ ကြမ်းပြင်​ပေါ်မှာ သတ္တာဘူးထဲကပစ္စည်းတစ်ခုချင်းဆီကို ထုတ်ရင်း ရှိုက်ကြီးတငင်ငို​နေမိသည်

"အစ်ကိုတို့ရဲ့ချစ်ခြင်းကြိုးကြားထဲမှာ အထုံး​လေးဖြစ်ချင်လို့ မဒီ ဒီလမ်းကို​ရွေးခဲ့တာမဟုတ်ပါဘူး..."

​"အစ်ကို တစ်​ယောက်ထဲ ကိုယ်ချစ်တဲ့အရာ​တွေကိုဆုံးရှုံးလိုက်ရတာမဟုတ်ပါဘူး...မဒီလည်း မဒီ ချစ်တဲ့အရာ​တွေကိုဆုံးရှုံးခဲ့တာပဲ​လေ..."

"မဒီ​ တောင် မဒီ မြတ်နိုးခဲ့တဲ့ ဒီအရာ​တွေ...မဒီ မြတ်နိုးတဲ့လွတ်လပ်မှုနဲ့ဂုဏ်သိက္ခာ​တွေကို စွန့်ပစ်ပြီး အစ်ကို့ ကို​ရွေးချယ်ခဲ့တာပါ...ဒါ​ပေမဲ့ ဘာလို့ မဒီ တစ်​ယောက်ထဲ အခုလို​ခံစား​​နေရတာလည်း"

နှုတ်မှ တီးတိုး​ပြောသံများနဲ့အတူ ထိန်းမရတဲ့မျက်ရည်​တွေကပါးပြင်​ပေါ်အတားအဆီးမရှိကျ​ရောက်နေတယ်

"အချိန်​တွေသာ​နောက်ပြန်ဆုတ်လို့ရရင် အရာအားလုံးကိုပြင်ဆင်ချင်တယ်..."

*********************************

Flash Back (လွန်ခဲ့​သော ၄နှစ်ခန့်က)

"​အမ​လေး...သူ့သမီးကို​တွေ့ရ​တော့မယ်ဆို​တော့​ပျော်​နေတာများမျက်နှာကြီးကိုဖြီးလို့..."

"​ပျော်တာ​ပေါ့ဟယ်...ငါးနှစ်လုံးလုံးမ​တွေရတဲ့ သမီးကိုအပြင်မှာပြန်​တွေ့ရမှာ မ​ပျော်တဲ့အ​ဖေဘယ်မှာရှိမလည်း..."

"အမ​​လေး...​ဖေဖေ့ချစ်သမီး​လေးပြန်လာတာလည်း သမီး​ကြောင့်ပါ​နော်...သမီးသာမင်္ဂလာမ​ဆောင်​သေးရင် အဲ့​ကောင်မ​လေးကပြန်လာဦးမှာမဟုတ်​သေးဘူး...​"

"​အေး​ပါ...​ငါတို့စကားများ​နေတာနဲ့ နင့်ညီမကိုလွှတ်သွားဦးမယ်..."

အပြစ်​အ​ကြွေး (Our Fault)Where stories live. Discover now