အပိုင်း (၁၇)

3K 56 0
                                    

အ​​ဖေ့အိမ်ကပြန်လာပြီးတစ်လမ်းလုံး ​ကား​မောင်းရင်းနဲ့ မဒီ့ကိုအရိပ်တကြည့်ကြည့်ကြည့်​နေမိသည်

မဒီ သည့်လည်း သူမကို သူ ကြည့်​နေတာကိုသတိထားမိပြီး

"မဒီ့မျက်နှာမှာတစ်ခုခု​ပေ​နေလို့လား"

မဒီက​မေးလာ​​တော့ စစ်မင်းဟန်လည်း သူခိုးလူမိသလိုဖြစ်ပြီး

"ဟို...မ​ပေပါဘူး..."

"ဒါဆိုဘာလို့ကြည့်​နေတာလဲ...မဒီမ​နေတတ်​တော့ဘူး"

"ဟို...မင်းဘာ​တွေ​တွေး​နေလဲစဥ်းစား​နေတာ"

"ရှင်"

စစ်မင်းဟန်ရဲ့စကား​ကြောင့် မဒီ့ ရင်​တွေခုန်သွားသည်

"​သြော်...မင်းကအ​တွေး​တွေသိမ်းထားတာ​တော်တယ်ဆိုလို့...မင်းဘာ​တွေး​နေမလည်းစဥ်းစား​နေတာ"

"​သြော်...မဒီကအ​တွေး​​တွေသိမ်းတာ​တော်တယ်လို့ဘယ်သူ​ပြောလဲ"

"မင်းအ​ဖေ​လေ"

"အဲ့​တော့ ကိုစစ်​ကော မဒီ တကယ်ပဲအ​တွေး​တွေသိမ်းထားတာ​တော်တယ်လို့ထင်တာလား"

"အင်း..."

"..."

ကိုစစ်ရဲ့အ​ဖြေ​ကြောင့်မဒီ ငြိမ်သွားသည်

"မင်း ကအ​တွေး​တွေကိုထုတ်မပြတတ်ဘူး​လေ...ပြီး​တော့ ကိုယ်တို့အတူတူ​နေလာတဲ့တစ်​လျှောက်လုံး မင်းအ​ကြောင်း​တွေကိုတစ်ခါမှမ​ပြောပြဖူးဘူးမဟုတ်လား"

စစ်မင်းဟန် ​ပြော​တာ အမှန်ပါ။ မဒီက သူမခံစားချက်​တွေ၊ အ​တွေး​တွေကိုသူများသိမှာအရမ်း​ကြောက်သူဖြစ်သည်

"အစ်ကိုလည်း မဒီ့ ကိုတစ်ခါမှမ​မေးဘူး​လေ"

"ဒါဆို ကိုယ့်အပြစ်​ပေါ့..."

စစ်မင်းဟန် စကား​ကြောင့် မဒီ နည်းနည်း​ခေါင်းနှပန်းကြီးသွားသည်။ သူမကိုယ်သူမသာ အပြစ်ရှိသလိုခံစားတတ်​ပေမဲ့ သူများ​တွေကို​တော့အပြစ်တင်ရမှာအရမ်းမုန်းပါသည်

"မဟုတ်ဘူး​လေ...မဒီ​ပြောတာက..."

"ထားပါ...ဒါဆို ကိုယ်အခု​မေးရင်မင်း​ဖြေမှာလား"

အပြစ်​အ​ကြွေး (Our Fault)Where stories live. Discover now