အပိုင်း (၄)

3K 53 0
                                    

ထို​နေ့ကအဖြစ်အပျက်သည် မဒီ့ဘဝရဲ့အကြီးမားဆုံးအမှားတစ်ခုဖြစ်ပြီး ထို​နေ့ကအဖြစ်အပျက်များကိုတစ်ရက်မျှ​မေ့မရခဲ့​ပေ။

စစ်မင်းဟန်ကိုလည်း ထိုကိစ္စပြီးကတည်းကမ​တွေ့ဖြစ်​တော့​ပေ

ဤသို့ဖြင့် ၃ လ ခန့်ကြာမြင့်ခဲ့ပြီ

"​ဒေါက်တာ...ကျွန်မညီမ​လေးဘာဖြစ်တာလည်း"

"လူနာရှင်​တွေဘာမှမစိုးရိမ်ပါနဲ့...လူနာကဘာမှမဖြစ်ဘူး...ဒါ​ပေမဲ့"

"ဒါ​ပေမဲ့ဘာဖြစ်လည်း..."

"လူနာကကိုယ်ဝန်​ကြောင့်အားနည်း​တော့မူးလဲသွား​လောက်ပါပဲ"

"ရှင်..."

မနက်နိုးကတည်းကဘာမှမစား​တော့ စားချင်တာ​လေး​တွေ​ကျွေးဖို့ စား​သောက်ဆိုင်ကို​ခေါ်လာတဲ့လမ်းမှာ မူးလဲသွားလို့တစ်ခုခုဖြစ်ပြီအထင်နဲ့စိုးရိမ်ခဲ့​ပေမဲ့...အခု​တော့...ကိုယ်ဝန်တဲ့လား မဒီ ရယ်...

*********************************

မဒီ အိပ်ရာကနိုးလာ​​တော့ လက်တစ်ဖက်မှာအပ်စိုက်ထားသလိုနာ​နေပြီး...​နာ​ခေါင်းထဲမှာလည်း ပိုသတ်ဆေးအနံ့ကိုရ​နေသည်

"မမ...မဒီ ဘယ်​ရောက်​နေတာလည်း..."

မဒီ့ အသံကိုကြား​တော့ ​ဘေးနားကထိုင်ခုံမှာထိုင်​နေတဲ့ ပန်းချီ ချက်ချင်း မဒီ့ နားလာလိုက်ပြီး

"မဒီ...နိုးပြီလား...နင်မူးလဲသွားလို့ငါ​ဆေးရုံ​ခေါ်လာတာ"

"​သြော် မဒီမှတ်​တောင်မမှတ်မိဘူး..."

"အဲ့ဒါကိုခဏအသာထားဦး...နင်ငါ့ကို​ဖြေရှင်းစရာတစ်ခုရှိတယ်..."

"ရှင်..."

"ငါ့ကိုအမှန်အတိုင်း​ဖြေ​နော်...အဲ့က​လေးဘယ်သူနဲ့ရတာလည်း..."

"ရှင်...ဘယ်ကက​လေးလည်း"

ပန်းချီ၏အ​မေး​ကြောင့် မဒီအနည်းငယ်ထိတ်လန့်သွားသည်

"နင်မသိဘူးလား...နင့်ဗိုက်ထဲမှာ ၃ ပတ်သားက​လေး​လေးရှိ​နေတယ်တဲ့..."

"ရှင်..."

မဒီ့ ဦး​နှောက်တစ်ခုလုံးပြာတက်သွားပြီး ​ကြောင်​တောင်​တောင် ဖြင့် ပန်းချီ့ကို​ငေးကြည့်​နေမိသည်

အပြစ်​အ​ကြွေး (Our Fault)Where stories live. Discover now