ဟန်သာယာစံအိမ်တွင် အားလုံးလူစုံတတ်စုံရောက်နေကြပြီး လူကြီးတွေလည်း တစ်ယောက်မျက်နှာတစ်ယောက်မကြည့်နိုင်လောက်အောင် မျက်စိပျက်မျက်နှာပျက်နေကြသည်
"ကိုတာရာဘာမှစိတ်ပူစရာမလိုဘူး...ကလေးနဲ့ သမီးလေး နှစ်ယောက်လုံးကို ကျွန်တော်တို့သားရှင်ဖက်က အကုန်တာဝန်ယူ ပါတယ်...နောက်လထဲမှာ မဂ်လာဆောင်လို့ရအောင်လုပ်ပေးပါ့မယ်"
စစ်မင်းဟန်၏ဖခင်ဦးကျော်စွာဟန်မှစ၍ဤကိစ္စကိုဖြေရှင်းရန် အဖြေကိုပေးလိုက်သည်
"အဖေ...နောက်လကျွန်တော်ချစ်ဖူးငုံနဲ့ လက်ထပ်ဖို့ရှိတယ်လေဗျာ..."
၃ လလုံးလုံး ကြိုးစားပန်းစား ကြိုးစားပြီးမှ သူချစ်တဲ့သူ ချစ်ဖူးငုံ နဲ့ လက်ထပ်ဖို့ ခွင့်ပြုချက်ကိုဘယ်လိုတောင်ရခဲ့တာမလို့လည်း...နေ့ချင်းညချင်း မီးခိုးလိုပျောက်ကွယ်သွားမည်ကို စစ်မင်းဟန်အဖြစ်မခံနိုင်ပေ
"မင်းငါ့ကို လူကြီးတွေရှေ့မှာမျက်နှာမဖြတ်နဲ့နော်...အဲ့ကောင်မလေးနဲ့ မင်းမဂ်လာဆောင်စရာမလိုတော့ဘူး...ဒါပေမဲ့ သမီး နွေမဒီ နဲ့တော့ မင်းလက်ထပ်ကိုလက်ထပ်ရမယ်...မင်းလုပ်ထားတဲ့ကိစ္စ မင်းအပြည့်အဝ တာဝန်ယူရမယ်..."
"အဖေ..."
"ဘာစကားမှထပ်မပြောနဲ့...ဒါငါ့အမိန့်ပဲ..."
ဟန်သာယာ စံအိမ်မှာ စစ်မင်းဟန် မလွန်ဆန်နိုင်တာ သူ့အဖေရဲ့အမိန့်ပဲဖြစ်သည်
"ဒီမှာကိုကျော်စွာဟန်....ခင်ဗျားသားမှာလက်ထပ်ဖို့စီစဥ်ထားတဲ့သူရှိတယ်ဆိုတာကျွန်တော်တို့သိထားပါတယ်...အကယ်၍ မောင်စစ်မင်းဟန်အနေနဲ့ သမီးမဒီရဲ့ဗိုက်ထဲက ကလေးကိုတာဝန်မယူနိုင်ဘူးဆိုရင်အတင်းအကြပ်မလုပ်ခိုင်းပါနဲ့ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော့သမီးကောမြေးလေးပါကြားထဲကမြေစာပင်ဖြစ်မှာစိုးလို့ပါ...ရှင်းရှင်းပြောရရင် ကလေးကိုတစ်ယောက်ထဲမွေးရမယ်ဆိုလည်း ကျွန်တော့သမီးကိုကျွန်တော်မွေးခိုင်းမှာဗျ...ကျွန်တော်တို့အခုလာတာဟာ မောင်စစ်မင်းဟန်ရဲ့သဘောထားကိုသိချင်ရုံသပ်သပ်ပါ"
YOU ARE READING
အပြစ်အကြွေး (Our Fault)
Romanceမထင်မှတ်ပဲ ကြူးလွန်မိလိုက်တဲ့ အမှားတစ်ခုကြောင့် တစ်ယောက်ဘဝကိုတစ်ယောက်တာဝန်ယူလိုက်ရတဲ့အခါမှာ စစ်မင်းဟန် နဲ့ နွေမဒီ တို့နှစ်ယောက် သူတို့ရဲ့အပြစ်အကြွေးတွေကိုအပြန်အလှန်ဆပ်ရင်း သူတို့ရဲ့အိမ်ထောင်ကိုဘယ်လိုရှေ့ဆက်ကြမလဲ မထင္မွတ္ပဲ ၾကဴးလြန္မိလိုက္တဲ...