အပိုင်း (၂၃)

7.2K 102 4
                                    

"မဒီ ပြီးပြီလား...မြန်မြန်လုပ်ကိုယ်တို့​နောက်ကျ​နေဦးမယ်"

အခန်းအပြင်က​နေ နာရီ အလန်း လိုမြည်​နေတဲ့ သူမခင်ပွန်း​​​ကြောင့် အလှပင်​ကောင်း​ကောင်မပြင်ရ​သေးဘဲ ထွက်လာလိုက်သည်

"​ဘာလို့အဲ့​လောက်​လော​နေတာလဲ...မဒီဖြင့်​သေ​သေချာချာ​တောင်အလှမပြင်ရ​သေးဘူး"

"ကိုယ့်မိန်းမကအလှမပြင်လည်းလှတယ်..."

"ကိုကို​နော်...​​လျှောက်​မြှောက်မ​နေနဲ့...မှန်မှန်​ဖြေ ဒီ​လောက်​လော​နေတာ ရည်းစား​ဟောင်းလာမှာမလို့လား"

"ဟာ...မဟုတ်ရပါဘူးဗျာ...အထင်မလွှဲလိုက်ပါနဲ့"

"ပြီး​​ရော..."

"လာသွားကြမယ်...သမီး​လေး​တောင်ကား​ပေါ်​ရောက်​နေပြီ"

မိသားစုသုံး​ယောက်စီးလာတဲ့ အနက်​ရောင်ကား​လေးသည် ခြံတစ်ခြံအ​ရှေ့​ရောက်​တော့ ရပ်လိုက်ပြီး ခြံထဲသို့ဝင်လာကြသည်။ ည​နေ​စောင်းချိန်ဖြစ်၍ ခြံဝင်းထဲတွင်အလှဆင်ထား​သောမီးသီး​လေး​တွေ​ကြောင့် အလွန်လှပ​နေပြီး  ဧည့်သည်အနည်းငယ်လည်း​ရောက်ရှိ​နေပြီဖြစ်သည်

စစ်မင်းဟန်သည် သုန်သုန်​လေးကိုချီပြီး မဒီ့ကိုလက်တွဲကာဝင်လာ​တော့ ဧည့်သည်​တွေအကုန် ​​ငေးကြည့်ကြသည်

"အမယ်​လေး နင့်တို့မိသားစုကြည့်ရတာဒီ​နေ့အရမ်းထူးဆန်း​နေပါလား"

အိမ်ထဲမှထွက်လာ​သော အင်္ကျီလည်ကတုံးဖြူ၊ ​​ရွှေ​ရောင်ပုဆိုးဝတ်ထားတဲ့ ကို​အောင် က ​ပြောလာသည်

"ဒီလိုပဲ​လေ အ​ဖြေရှာ​တွေ့သွားတယ်ပဲ​ပြောရမလား"

စစ်ကပြန်​​ဖြေ​တော့

"​အေး...အခုမှပဲ မဒီလည်း ​တောက်​တောက်ပပ ​လေးရှိဘာ​တော့တယ်"

"ကျွန်​နော့်မိန်းမက အရင်ကတည်းက​တောက်ပတာပါ​နော်"

စစ်အ​ပြော​ကြောင့် ကို​အောင်ရယ်မိသည်

"​အေးပါ...​အေးပါ...ဆရာသမားရယ် မင်းမိန်းမဘယ်​လောက်​တောက်ပပ ဒီပွဲရဲ့သခင်မဖြစ်တဲ့ငါ့မိန်းမ​လောက်ဘယ်သူကများ​ပို​တောက်ပနိုင်မှာလဲ..."

အပြစ်​အ​ကြွေး (Our Fault)Where stories live. Discover now