အပိုင်း (၁၉)

3K 56 0
                                    


မိုးကုန်၍​ဆောင်းရာသီဝင်စပြုလာပြီဖြစ်တာ​ကြောင့် ​ စစ်မင်းဟန် တို့ ​ဆောက်​လုပ်​ရေးလုပ်ငန်း​တွေလည်း ​တောင်လိုပုံလာပြီဖြစ်သည်...တ​​စ်နေ့အလုပ်တစ်​နေ့မပျက်တာ​တွေများလာတာ​ကြောင့် တစ်ချို့ရက်များတွင် စစ် အိမ်ပြန်မအိပ်ဖြစ်ပါ

"အကို​လေး...ဒီ​​နေ့​ကောရုံးမှာအိပ်မှာလား"

အတွင်း​ရေးမှူးဖြစ်သူ ​ကိုစိုး က​မေးလာ​တော့

"အင်း ရုံးမှာပဲအိပ်ဖြစ်မယ်ထင်တယ် ​ရှော့ပင်းစင်တာပ​ရောဂျက်ကို အပြတ်ဖြတ်ချင်လို့"

"ဟုတ်ကဲ့...ဒါ​ပေမဲ့ အစ်ကို​လေးတစ်​ယောက်ထဲအဆင်​ပြေပါ့မလား

"​ပြေပါတယ် ကိုစိုးဘာမျှစိတ်မပူဘဲ စိတ်ချလက်ချသာအိမ်ပြန်ပါ"

"ဟုတ်ကဲ့...ဒါဆိုကျွန်​တော်ပြန်လိုက်​တော့မယ်​နော်"

"ဟုတ်ပြီ...ဂရုစိုက်ဦး​နော်"

အတွင်း​ရေးမှူးဖြစ်သူ​ ကိုစိုးလည်းပြန်သွားပြီ၊ တစ်တိုက်လုံးမှာလည်း လုံခြုံ​ရေးဝန်ထမ်းမှအပ အခြားဝန်ထမ်းတစ်​ယောက်မှ ရှိ​တော့သည့်ဟန်မ​ပေါ်၊ အချိန်ကိုကြည့်​တော့လည်း ၇ နာရီ ခွဲနေပြီဖြစ်သည်

ည​​စာလည်းမစားရ​သေး မ​နေ့ညကလည်းအိမ်မပြန်ဖြစ်​တော့ ဝတ်ထားတဲ့အင်္ကျီကိုမလဲရတာလည်း ၂ ရက်ရှိပြီ သို့​ပေမဲ့ အလုပ်ကအ​ရေးကြီးသည်ဖြစ်တာ​ကြောင့်အလုပ်ကိုသာဆက်၍လုပ်​နေလိုက်သည်

ထိုစဥ် ဖုန်းအစိမ်းတ​လုံးဝင်လာ​တော့

"ဟယ်လို စစ်မင်းဟန်​ပြော​နေပါတယ်"

"စစ်..."

ရင်းနှီးတဲ့အမျိုးသမီးတစ်​ယောက်ရဲ့အသံ...တစ်သက်မ​မေ့နိုင်​​သေးတဲ့အသံ...

"ဖူးလား"

"စစ် ဖူးကိုကူညီပါဦး..."

ဖူးရဲ့ စကားသံ​တွေကတုန်ရီ​​​နေပြီး ငို​နေသည့်ဟန်ရှိသည်

"ဘာဖြစ်တာလည်း...ဖူးအခုဘယ်မှာလည်း"

"ဖူး​မေ​မေ့ကို အ​ကြွေးရှင်တွေဝိုင်းရိုက်လိုက်ကြလို့ ဖူးအခုဘာလုပ်ရမလဲမသိ​တော့ဘူး...အခုအိမ်​ရှေ့မှာလည်း လူ​တွေ​ရောက်​နေကြတယ်...ကူညီပါဦး"

အပြစ်​အ​ကြွေး (Our Fault)Where stories live. Discover now