အပိုင်း (၁၂)

2.8K 50 0
                                    

ညညဆိုအ​တွေး​တွေ​ကြောင့် အိပ်မရ​တာ​ကြောင့် စစ်မင်းဟန် ရုံးသွားချိန် သုန်သုန်လည်းအိပ်​နေတဲ့အချိန်မှာ အစာအိမ်ပြန်​အောင့်လာလို့ မဒီ အိပ်ယာထဲ​ဆေး​သောက်ပြီး ပြန်အိပ်​နေသည့်အချိန် ခြံထိပ်ကလူ​​​ခေါ်ဘဲလ် သံထွက်လာ​တော့ ထမကြည့်နိုင်သည့်အတွက် ​ထမင်းချက်​ဒေါ်​လေးကို မဒီ ထွက်ကြည့်ခိုင်းလိုက်သည်

တ​အောင့်​နေ​တော့ ​ဒေါ်​လေးပြန်​ရောက်လာပြီး

"သမီး​လေး...ဧည့်သည်​ရောက်​နေတယ်"

အားမရှိ​ပေမဲ့ အ​ရေးကြီးဧည့်သည်ဖြစ်မည်စိုး၍

"ဘယ်သူတဲ့လည်း"

"စတီဗင်တဲ့"

စတီဗင်ဆိုတဲ့နာမည်ကိုကြားကြားချင်း သူသိတဲ့ စတီဗင်ဟုတ်ရဲ့လားဆိုတာ သိချင်၍ ဧည့်ခန်းထဲကိုအ​ပြေး သွားကြည့်မှ...

"Hi dude"

"Wth bro"

စတီဗင့် ကို​တွေ့​တွေ့ချင်း ​ဗိုက်​​အောင့်တာ​တွေလည်း​ပျောက် ဘာစကားမှမ​ပြောနိုင်ပဲ တစ်​ယောက်နဲ့ တစ်​​ယောက်အကြာကြီး ဖတ်ထားမိသည်။ မူလတန်းကတည်းကသူငယ်ချင်းဖြစ်ခဲ့ပြီး အထက်တန်း​ရောက်​တော့ မိဘ​တွေအလုပ်​ကြောင့်အ​မေရိကကို​ပြောင်းလိုက်ရ​တော့ စတီဗင် နဲ့ မဒီ တို့ကွဲသွားကြသည်။ သို့​ပေမဲ့ စတီဗင်ရဲ့အကူအညီ​ကြောင့်သာ မဒီ လည်း အဲ့မှာ​​ကျောင်းလိုက်တက်နိုင်ခဲ့ခြင်းဖြစ်သည်။ ငယ်စဥ်ကတည်း သူငယ်ချင်းဆိုလို့ စတီဗင် တစ်​ယောက်ထဲရှိတဲ့ မဒီ့အဖို့ သူ့ကိုပြန်​တွေ့ရတဲ့အခိုက်အတန့်သည် စကားလုံး​တွေနဲ့​ဖော်ပြ၍ပင်မရနိုင်ပါ

"စတိဗ် ဘယ်လို​ရောက်လာတာလည်း"

"​လေယာဥ်စီးလာတာ​လေ"

တစ်​ယောက်နဲ့တစ်​ယောက်​တွေ့တိုင်းအမြဲ​နောက်​လေ့ရှိကြတဲ့ သူတို့နှစ်​ယောက်အဖို့ ယခုလိုပြန်​တွေ့ချိန်ဟာလည်း လူငယ်တုန်းကလို​ ​ပေါ့ပါး​ပျော်ရွင်မြဲပါ

"​လေယာဥ်စီးလာတာ​​တော့သိတယ်​လေ...ဘယ်တုန်းက ဘယ်သူနဲ့​ရောက်​နေတာလည်းလို့"

"​မြန်မာပြည်ပြန်လာတာ​လေ"

"တကယ်လား..."

"အင်...ဟိုမှာနင်မှမရှိတာ"

အပြစ်​အ​ကြွေး (Our Fault)Where stories live. Discover now