အပိုင်း (၁၅ )

3K 54 0
                                    

မင်္ဂလာနှစ်ပတ်လည်​နေ့ဖြစ်​သော်လည်း ခင်ပွန်းသည်မရှိပဲ ဖြတ်သန်းရတာ​ဟာ ဇနီးသည်အတွက်ဘယ်​လောက်ခတ်သလည်းဆို တာ မဒီ မှ နားမလည်ရင် ဘယ်သူနားလည်ပါမည်နည်း

တစ်​နေကုန် မှိုင်ပြီးထိုင်​​နေရင်း ဖုန်းတစ်ကောဝင်လာတာ​ကြောင့် ကိုင်မိ​တော့ မထင်မှတ်ထားသူဖြစ်လို့ မဒီ ပြုံးမိသည်...ထိုသူမှာ စတီဗင် ပင်ဖြစ်သည်

"ဟယ်လို...အိမ်မှာလား"

"အင်း..."

"အားလား"

"အားပါတယ်"

"ဒါဆို ​လျောက်လည်ရ​အောင်...​ထောက်ကြံ့မှာ အပန်း​ဖြေလို့​ကောင်းတဲ့ ​နေရာ​တွေရှိတယ်"

"ဟုတ်လား...ငါလည်းသွားချင်တယ်...ဒါ​ပေမဲ့...သုန်သုန် ကိုဘယ်လိုလုပ်ရမှာလည်း"

"​ခေါ်လာလိုက်​လေ...သူလည်း​ပျော်တာ​ပေါ့"

"အို​​​ကေ...အို​ကေ"

ဖုန်းချပြီးတာနဲ့ ​ပြင်ဆင်ပြီး သုန်သုန့် ကို​ခေါ်ကာ စတီဗင် ပို့​ပေးတဲ့ ​နေရာကို ​မောင်းသွားသည်

အပန်း​ဖြေ​နေရာကို​ရောက်​တော့ စတီဗင် က​ရောက်နှင့်​နေပြီး သူတို့နား​နေရန် ဘင်ဂလို ​လေးငှားထား​ပေးသည်

"ဘယ်လိုလည်း...​​ပျော်ရဲ့လား"

"​ပျော်ပါတယ်...ငါ့မှာ နင်ရှိ​လို့ ​​တော်​တော်အဆင်​ပြေ​​နေတာ..."

"ဟင်...​​ပြောစမ်းပါဦး စိတ်ညစ်စရာ​တွေရှိ​နေတယ်မလား...ဘာလည်း သုန်သုန့်အ​ဖေ​ကြောင့်လား"

​ပေါင်းလာတာကြာပြီးဖြစ်လို့​ အရိပ်အကဲကြည့်မြန်တဲ့ စတီဗင်ဟာ မဒီ့ မျက်နှာကိုကြည့်တ္နဲ့ သူမ ဘာဖြစ်​နေလဲဆိုတာ ချက်ချင်း ခန့်မှန်းနိုင်သည်

"အင်း"

မဒီကလည်း ရင်ဖွင့်စရာ ဒီ သူငယ်ချင်းတစ်​ယောက်တည်းရှိတာ​ကြောင့် ရင်ထဲမှာသိမ်းထားတာ​တွေကို ဖုံးကွယ်မထားပဲ အကုန်အစုံ​ပြောပြသည်

စစ်မင်းဟန်​ကြောင့် စိတ်ညစ်ရတာ​တွေများလာ​တော့ စိတ်ထွက်​ပေါက် ကိုရှာ​နေချိန် ​​ပေါ်လာတဲ့ စတီဗင် ကို မဒီ အရမ်း​ကျေးဇူးတင်​နေသည်။ စိတ်ချင်းဆက်ထားသလား​အောက်​မေ့ရ​​အောင် မဒီ့ စိတ် ကို သိပြီး ​ပျော်​အောင်လုပ်​ပေးသည်။ သူငယ်ချင်းခံစား​နေရတာ​တွေက်ိုမကြည့်ရက်​တော့ သူ့ဟာသ​တွေနဲ့ မဒီ ပြန်ပြုံးလာ​အောင် အား​ပေးနှစ်သိမ့်​ပေးသည်

အပြစ်​အ​ကြွေး (Our Fault)Where stories live. Discover now