အပိုင်း (၂၀)

3.2K 60 0
                                    

ထိုညတစ်ညလုံး စစ် အိမ်ကိုပြန်မလာခဲ့ပါ။ ​နွေမဒီ မှာလည်း စစ် နဲ့ ချစ်ဖူးငုံ တို့အတူတူရှိ​နေကြမလားဆိုတဲ့အ​တွေး​တွေနဲ့ မနက်မိုးလင်းသည်အထိ သူမ အိပ်မရခဲ့

ကျွီ...

အခန်းတံခါးပွင့်သံကြားရသည်။ တံခါးကို​​ကျော​ပေးထားတာ​ကြောင့် ဘယ်သူဝင်လာလည်းဆိုတာကိုသူမ မသိပါ၊ သိလည်းမသိချင်ပါ၊ အခုချိန်မှာ အိပ်ချင်​ယောင်​ဆောင်ပြီး တစ်​ယောက်ထဲသာ​နေချင်​နေမိပါသည်

သူမ မျက်လုံးနှစ်စုံကိုမိတ်ပြီး ​နေ​နေ​သော်လည်း အခန်းထဲကိုဝင်လာတဲ့သူရဲ့လှုပ်ရှားသံ​တွေ​ကိုသာသူမအာရုံထား​နေခဲ့မိသည်။ ဗီဒိုဖွင့်သံ၊ ​ရေချိုးခန်းတံခါးဖွင့်သံ၊ ​ရေချိုးခန်းထဲက​ရေကျသံ​တွေကိုကြားရတဲ့အချိန်မှာ စစ်မင်းဟန်ပြန်လာပြီဆိုတာကို မဒီ သိလိုက်သည်၊ မဒီ့အ​တွေးထဲမှာ​တော့ သူနှင့်မ​တွေ့ချင်တာ​ကြောင့် ဘယ်လို​ရှောင်ရမလဲဆိုတာကိုသာ ​တွေး​နေခဲ့သည်

တ​အောင့်ကြာ​တော့ ​ရေချိုးခန်းထဲကသူထွက်လာပြီး သူ့​ဘေးက​နေရာမှာလာဝင်အိပ်သည်

"မဒီ...နိုး​​နေတာလား"

သူ့အသံကိုကြား​တော့ မဒီတုန်လှုပ်သွားသည်၊ မဒီ့ ခန္ဓာကိုယ်လှုပ်သွားသည်

"မဒီ ကိုယ်​ပြောတာကြားလား"

"..."

မဒီနိုး​နေမှန်လည်းသိတယ် သူ့ကိုအဖက်လည်းပြန်မလုပ်တာ​ကြောင့် စစ် ရဲ့စိတ်ထဲတစ်ခုခုကိုစိတ်ထင့်သွားသည်

"နိုး​နေတာ​တောင် ဆက်အိပ်​နေတာ...​နေမ​ကောင်းလို့လား"

"..."

မဒီ့ဆီက ဘာစကားမှပြန်မကြားရပါ

"တစ်ခုခုဖြစ်ထားလို့လား"

"..."

သည်တစ်ခါလည်းပြန်မ​​ဖြေပါ

"မင်းမ​​ပြောပြချင်လည်း​နေပါ...ဒါမှမဟုတ် မင်းနားချင်လို့ဘာမှမ​ပြောတာဆိုလည်းမ​နှောက်ယှက်​တော့ပါဘူး"

သူ့ဘာသာ​ပြောစရာရှိတာ​တွေ​ပြောဆိုပြီး ​​စောင်ခြုံကာအိပ်​ပျော်သွားသည်

အပြစ်​အ​ကြွေး (Our Fault)Dove le storie prendono vita. Scoprilo ora