အပိုင်း (၁၈)

3K 49 1
                                    


မဒီ့ရဲ့ရင်ထဲကစကား​တွေကိုသူသိ​အောင်​ပြောလိုက်ပြီးတဲ့​နေ့ကစပြီး မဒီ့ ကို သူ ပိုပိုဂရုစိုက်​ပေးလာကိုမဒီ သတိထားမိသည်

"မဒီ...ဒီ​နေ့ဘယ်သွားစရာရှိလဲ"

ထူးထူးဆန်းဆန်း​​မေးလာ​တော့

"မရှိပါဘူး...ဘာဖြစ်လို့လဲ"

"မဟုတ်ပါဘူး...မင်းများမင်းအ​မေဆီသွားချင်မလားလို့​မေးမလို့"

သူ​ပြော​တော့မှ ဒီ​နေ့ဟာ ​မေ​မေ့ရဲ့နှစ်ပတ်လည်​နေ့မှန်သူမသတိရသည်

"ဟုတ်သား...ဒီ​နေ့က​မေ့​မေ့​နေ့ပတ်လည်​နေ့ပဲ"

"အင်း..."

မဒီ့ အ​ကြောင်း​တွေဆို မသိသ​လောက်ရှားတဲ့ သူက ​မေ​မေ့နဲ့နှစ်ပတ်လည်​နေ့ကိုသိ​နေ​တော့မဒီ့အတွက်ထူးဆန်း​နေသည်

"ဒါနဲ့ ကိုစစ် ကဘယ်လိုသိတာလဲ"

"ကို​အောင်​ပြောတာ​လေ..."

"​သြော်..."

"မင်းသွားချင်လား မသွားတာလည်းကြာပြီမလား"

"အင်း...ဒါနဲ့ အစ်ကိုက လိုက်ပို့ဖို့အားလို့လား"

"အားတယ်...ဒီ​​နေ့ရုံးခန်းပြင်​နေလို့ ခွင့်ယူထားတာ"

"​သြော်"

"မင်းသွားမယ်ဆိုအဝတ်လဲ​တော့​လေ...ကိုယ်တို့လမ်းမှာ ပန်း​လဲဝင်ဝယ်ရဦးမှာမလား"

"ဟုတ်...ဟုတ်"

​မေ့မေ့ဆီမသွားတာ ​တော်​တော်ကြာခဲ့ပြီဖြစ်တာ​ကြောင့် မဒီ့ ရင်ထဲ လွမ်းဆွတ်မှုနဲ့ စိတ်လှုပ်ရှားမှု​ရောလျက်​နေသည်၊ အထူးသဖြင့် ကိုယ်ရင်ခုန်ရတဲ့ သူ က လိုက်ပို့​ပေးမှာဖြစ်တဲ့အတွက် မဒီ ပိုလို့​တောင်ရင်ခုန်မိသည်

​​ရေ​ဝေးသုသာန်ကို​ရောက်​တော့ ​မေ​မေ့ အုတ်ဂူရှိရာကိုမနည်းရှာလိုက်ရသည် အချိန်​တော်​တော်ကြာခဲ့ပြီဖြစ်တာ​ကြောင့် အတွင်းထဲကို​တော်​တော်ဝင်ရသည်

"ဟယ် ​မေ​မေ့အုတ်ဂူ​လေးကိုသန့်ရှင်း​ရေးလုပ်​ပေးထားတာလား"

​မေ​မေ့အုတ်ဂူ​လေးကို​​တွေ့​တွေ့ချင်း ဖြူ​ဖွေးသန့်ရှင်း​နေတာ​ကြောင့် ပီတိစကားကိုဦးစွာထုတ်​ပြောမိသည်

အပြစ်​အ​ကြွေး (Our Fault)Donde viven las historias. Descúbrelo ahora