စစ်မင်းဟန် မောင်းနှင်လာတဲ့ အနက်ရောင်ကားလေးက အရင်ကအတိုင်း ရင်းနှီးကျွမ်းဝင်နေတဲ့အိမ်တစ်အိမ်ရှေ့မှာထိုးရပ်လိုက်ပြီး မဒီ နှင့်အတူ ထိုအိမ်ထဲဝင်လာခဲ့သည်
"ကယ်ပျောက်တော်မူမင်းသားကြီး လာပါပြီ...သြော်...မင်းမိန်းမပါပါလာတာလား...မခေါ်လာလောက်ဘူးထင်တာ..."
ကိုစစ် နှင့်သက်တူရွယ်တူ ကိုသီဟ ဆိုတဲ့သူရဲ့အသံကိုထိပ်ဆုံးကကြားရသည်
"ငါခေါ်ခိုင်းလိုက်တာ..."
ဒုတိယသူတစ်ယောက်၏အသံကတော့ ကိုလင်းပင်ဖြစ်သည်
"မဂ်လာပါ ညီမလေးမဒီ...မတွေ့တာတောင်ကြာလို့ ပိန်သွားလိုက်တာ"
"ဟုတ်...နည်းနည်းကျသွားတယ်"
"လာလာ...ဒီမှာလာထိုင်...ပန်းချီလည်းလာတော့မယ်ပြောတယ်...ဒီမှာထိုင်စောင့်လိုက်နော်...စစ် ကိုတော့အိမ်နောက်ကိုခဏခေါ်သွားမယ်နော်...သူ့ကိုပြစရာလေးရှိလို့"
"ဟုတ်..."
စစ်မင်းဟန် လည်း ကိုလင်းတို့နောက်ပါသွားပြီး မဒီမှာ ဧည့်ခန်းထဲတွင်ထိုင်ကျန်ရစ်ခဲ့သည်
သူမ၏ဘေးဘီတွင် သူမကို မျက်မှောင်ကြုံ့ကာကြည့်နေကြသည့် စစ် ၏အမျိုးသမီးသူငယ်ချင်းများရှိပေသည်၊ သူမကိုမုန်းနေသောသူတွေမှန်း မဒီ သိသည်ဖြစ်ပြီး မမပန်းချီမရောက်ခင်အချိန်ထိ သူမ မတွေ့ချင်တဲ့သူတွေနဲ့ဘယ်လိုဆက်နေရမလည်းဆိုတာ မဒီ စဥ်းစားလို့ပင်မရပါ
ကိုစစ် တို့သူငယ်ချင်းအုပ်စုက အလယ်တန်းကျောင်းသားအရွယ်ကတည်းကပေါင်းလာကြတဲ့သူတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်အမြဲဖေးကူပေးကြသည်။ ကိုအောင် နဲ့ ကိုလင်း တို့သည် ကိုစစ် တို့ထက် ၃ နှစ်ကြီး တဲ့ စီနီယာတွေဖြစ်သော်လည်း ကိုစစ် တို့နှင့်တစ်ဖွဲထဲပင်ဖြစ်သည်။ သူတို့အဖွဲ့ထဲမှာ ယောကျာ်းလေး ၄ ယောက် မိန်းကလေး ၃ ယောက်ရှိပေမဲ့ အရင်က မိန်းကလေး ၄ ယောက်ရှိခဲ့သည်။ ကျန်တစ်ယောက်မှာ ချစ်ဖူးငုံ သာဖြစ်သည်။ ချစ်ဖူးငုံ နေရာကိုဝင်လာတဲ့ မဒီ့ ကို ကိုစစ် ရဲ့ မိန်းကလေးအဖြစ်နဲ့မကြည့်ပေးနိုင်ကြသူများမှာ ချစ်ဖူးငုံ ၏ သူငယ်ချင်များဖြစ်တဲ့ မိန်းကလေးအဖွဲဝင်များ ဖြစ်သည့် မသင်း၊ မကြာဖူး နှင့် မစံပါယ် တို့ဖြစ်သည်
YOU ARE READING
အပြစ်အကြွေး (Our Fault)
Romanceမထင်မှတ်ပဲ ကြူးလွန်မိလိုက်တဲ့ အမှားတစ်ခုကြောင့် တစ်ယောက်ဘဝကိုတစ်ယောက်တာဝန်ယူလိုက်ရတဲ့အခါမှာ စစ်မင်းဟန် နဲ့ နွေမဒီ တို့နှစ်ယောက် သူတို့ရဲ့အပြစ်အကြွေးတွေကိုအပြန်အလှန်ဆပ်ရင်း သူတို့ရဲ့အိမ်ထောင်ကိုဘယ်လိုရှေ့ဆက်ကြမလဲ မထင္မွတ္ပဲ ၾကဴးလြန္မိလိုက္တဲ...