အပိုင်း (၂၂)

3.8K 56 0
                                    

"မဒီ...မင်း​ရေချိုးခန်းထဲမှာအိပ်​ပျော်သွားပြီလား"

အပြင်က​နေလှမ်း​ခေါ်​နေတဲ့ သူ့အသံ

"ငါသူ့ကိုဘယ်လိုမျက်နှာပြရမလဲ...ရှက်လိုက်တာ...တူညီတဲ့အမှားကိုနှစ်ခါမှားရတယ်လို့ မိမဒီ ရယ်"

"မဒီ...မင်းမထွက်လာရင် ကိုယ်ဝင်လာမှာ​နော်"

အတင်းအကြပ်​တွေ​ပြော​နေတဲ့ သူ​ကြောင့်

"မလာနဲ့...ပြီးပြီ"

​ရေဝတ်အင်္ကျီကိုလဲပြီးထွက်လာ​တော့ ​ရေချိုးပြီးသန့်ပြန့်​နေတဲ့ သူကအ​ပေါက်မှစီးကြိုလျက်

မဒီလည်းသူ့မျက်နှာကိုမကြည့်ရဲတာနဲ့ ရှက်ရှက်နဲ့သာထွက်လာတော့ သူလည်းအ​နောက်ကလိုက်လာသည်

အခန်းထဲ​ရောက်​​တော့

"ဘာလို့လိုက်လာတာလဲ"

"မင်းကို​မေးစရာရှိလို့"

"​မေးစရာရှိလဲ ​နောက်မှ​မေး မဒီ အင်္ကျီဝတ်ဦးမယ်"

"ဝတ်​လေ ​စောင့်မယ်"

"​စောင့်မယ်ဆိုလည်း အပြင်ထွက်​လေ"

"ဘာလို့လဲ...ရှက်လို့လား ဘာမှရှက်မ​နေနဲ့​တော့ မ​တွေ့ဖူးတာလည်းဘာမှမရှိဘဲနဲ့...က​လေးတစ်​ယောက်​တောင်ရ​နေပြီကို"

"ကိုစစ်မင်းဟန်"

မဒီ့ မျက်နှာ​လေးရဲလာပြီး ​သူနာမည်အပြည့်အစုံကိုအော်လိုက်​တော့ မဒီ့ နှာထိပ်​လေးကိုလက်​လေးနဲ့ လှမ်းညစ်လိုက်ပြီး

"ကိုယ့်နာမည်ကိုဘယ်သူအပြည့်အစုံ​ခေါ်ခိုင်းလို့လဲ"

မဒီ လန့်ပြီး​ကြောင်သွားသည်

"ထားလိုက်ပါ ​နောက်တစ်ခါ​ခေါ်ရင် ကိုကို လို့ပဲ​ခေါ်"

"ရှင်..."

"ဘာ​တွေဖြစ်ကုန်တာလဲ...လူများ​ပြောင်းသွားတာလား" မဒီ​ကြောင်း​တောင်​တောင်ဖြင့်စိတ်ထဲ​ရေရွတ်မိသည်

"ဘာလည်း အဝတ်မလဲ​သေးဘူးလား...ဘာလည်း ကိုယ်မထွက်​သေးသ၍မလဲဘူးဆိုတဲ့သ​​ဘောလား"

"အင်း..."

"တယ်ခက်ပါလား...ဒါဆို ကိုယ် အပြင်က​စောင့်​နေမယ် လဲပြီးရင်ထွက်လာခဲ့​နော်"

အပြစ်​အ​ကြွေး (Our Fault)Where stories live. Discover now