အပိုင်း (၁၆)

3K 58 0
                                    

စစ်မင်းဟန် စိတ်ဆိုးခဲ့တဲ့​နေ့ကစပြီး မဒီ လည်း စတီဗင်နှင့် မ​တွေ့ဖြစ်​တော့ပါ...​နေလည်ခင်း သူ မရှိတဲ့အချိန် ၌ သာဖုန်းနှင့် အဆက်အသွယ်လုပ်ကြသည်

ထို့​ကြောင့် မဒီ သည်သူမရဲ့အိမ်မှာ​နေရတဲ့အချိန်​တွေကိုအကျိုးရှိ​စေရန် မရှိတဲ့အလုပ်ကိုအမြဲရှာလုပ်​လေ့ရှိသည်။ 

အခန်းများကိုရှင်းလင်းပြီး ပုံစံအသစ်ဖြင့် အခန်းထဲရှိပစ္စည်း​တွေကိုပြန်လည်​နေရာချတတ်သည်မှာ မဒီ့ဝါသနာဖြစ်သည်။ အခန်းရဲ့ပုံစံကို ​ပြောင်းလိုက်ခြင်းအားဖြင့် လူကိုပို၍လန်းဆန်းတက်ကြွ​စေသည်ဟုသူမယုံကြည်သည်။

အခန်းကိုရှင်းလင်းဖို့အတွက် အိမ်အကူ​ကောင်မ​လေးကို မခိုင်းချင်တာ​ကြောင့် သူမ ကိုယ်တိုင် ခန်းစည်း လိုက်ကာ​တွေလဲ ဘီရို​တွေ​နေရာ​ပြောင်းသည်။ ထိုအချိန် ပစ္စည်း​တွေပုံထားတဲ့အခန်း၏​ထောင့်တစ်​နေရာတွင် ​သေတ္တာဘူးနှစ်ဘူးထွက်လာသည်

တစ်ခုမှာ လွန်ခဲ့​သော ၄ နှစ်ကတည်းက မဒီ ကိုယ်တိုင် သိမ်းထားခဲ့​သော သူမ ​ကျောင်းတုန်းက ရခဲ့​တဲ့ ဘွဲ့လက်မှတ်​တွေနဲ့ အမှတ်တရ​တွေထည့်ထားတဲ့  တစ်ခုဖြစ်ပြီး ကျန်တစ်ဗူးမှာ​တော့ စစ်မင်းဟန် ၏ပစ္စည်းဖြစ်သည်

လွန်ခဲ့တဲ့ ​လေးနှစ် သုန်သုန့် ကိုယ်ဝန်ဖြင့် ဒီအိမ်ကို​ရောက်လာတဲ့အချိန်မှာ ဒီသေတ္တလေးကိုဖွင့်ကြည့်မိခဲ့ပြီး ​နောင်တများစွာရခဲ့ဖူးသည်။ ထို့​ကြောင့် ဤ​သေတ္တာ နှစ်ခုစလုံးသည် မဒီ့ ကိုနာကျင်​စေတဲ့အရာ​တွေရှိ​နေတဲ့ ​သေတ္တာ​လေး​တွေဖြစ်သည်

ည​နေဖက် စစ်မင်းဟန် ရုံးမှအိမ်ပြန်လာ​သောအခါ မဒီ ရှင်းလင်းထားခဲ့​သော အခန်းသစ်၏ ပုံစံ​ကြောင့် အထူးအံ့အားသင့်သွားသည်။ သို့​သော် သူမြင်​နေကျအခန်း၏​ထောင့်တွင်ရှိ​သော ပစ္စည်းပုံကိုမ​တွေ​တော့တာ​ကြောင့် စိတ်ထဲ​နေမရဖြစ်၍ အခန်းကိုရှင်းနိုင်​သောတစ်​ယောက်​သောသူအား​​မေးရန် အခန်းထဲမှပြန်ထွက်လာသည်

ထိုအချိန် ထမင်းစားရန်ပြင်​နေ​သော မဒီမှာ မျက်နှာ​မှုန်ကုတ်ပြီး ထွက်လာ​သော စစ်မင်းဟန်ကို ​တွေ့သွားတာ​ကြောင့် မူမမှန်​သောအရာတစ်ခုခုဖြစ်​နေပြီဆိုသည်ကို မဒီ သတိထားမိသည်

အပြစ်​အ​ကြွေး (Our Fault)Where stories live. Discover now