အပိုင်း(၁၁)

2.8K 55 0
                                    

သုန်သုန်​လေး နဲ့ သူ့အ​မေ မဒီ က​တော့ ည​နေက အပြင်မှာသွားစားပြီး ပြန်လာကတည်းက ​ဆော့ပြီး အိပ်​ပျော်သွားကြ​သော်လည်း လုပ်စရာအလုပ်ရှိ​သေးတဲ့ စစ်မင်းဟန် မှာ​​တော့ အလုပ်ခန်းထဲမှာပြင်သစ်က ပ​ရောဂျက်အတွက် စစ်​ဆေးစရာ​တွေစစ်​ဆေး​နေသည်။ အလုပ်လုပ်ရင်း ​ညောင်းညာလာ​​တော့ ခြံပြင်ထွက်လမ်း​လျှောက်ရင်း facebookကို ကြည့်​မိသည်

​နေ့လည်က သူသွားအပ်ထားတာကို မဒီ က လက်ခံလိုက်လို့တက်လာတဲ့ Noti ကို​တွေ့​တော့ မဒီ့ အ​ကောင့်ထဲကိုဝင်ကြည့်မိသည်

တင်တားတဲ့ပုံ​တွေရှိ​ပေမဲ့ ​နောက်ဆုံးတင်ခဲ့​သောပုံမှာ လွန်ခဲ့တဲ့ ၄ နှစ်ကဖြစ်သည်။ ပုံအများစုသည် မြန်မာနိုင်ငံမဟုတ်​သော ​နေရာ​ဒေသတွင်ရိုက်ထား​သောပုံ​တွေဖြစ်ပြီး ထိုပုံ​တွေထဲမှာ သူမပြုံး​နေခဲ့သည်။ အရင်က မဒီ့ ရဲ့ပုံ​တွေကိုပြန်ကြည့်တဲ့အခါ ပုံတိုင်းမှာ သူမ ပြုံး​နေခဲ့သည်။ အရွယ်ငယ်ချိန် လူငယ်တစ်​ယောက်ရဲ့အလှအပ​တွေကို ထင်ထင်ရှားရှားမြင်ရပြီး ထိုအလှအပ​တွေကို ယခုအချိန်ထိထိမ်းထားနိုင်တာကိုလည်း စစ် အံ့သြမိသည်။ ထို့​နောက် story highlight ​တွေထဲဝင်ကြည့်​တော့ အင်ဂျင်နီယာ​ကျောင်းသူတစ်​ယောက်ဖြစ်ရတာကို ဂုဏ်ယူစွာတင်ထားပြီး သူဘွဲရတဲ့အချိန်ကပုံမှာ..."toward a next step (​နောက်အဆင့်တစ်ဆင့်ဆီသို့) ဆိုပြီး​ရေးထားတာ​တွေ​တွေ့ရ​တော့ သူ့စိတ်ထဲ စိတ်မ​ကောင်းဖြစ်မိသည်။ အရင်ကအမြဲ​ပျော်ခဲ့တဲ့​ကောင်မ​လေးက​နေ မထင်မှတ်ထားတဲ့အမှား​ကြောင့် ညိုးနွမ်းတဲ့ ပန်းက​လေးဖြစ်ခဲ့ရတာသူ့အမှားမကင်းတဲ့အတွက်သူအားနာ​​နေမိသည်။

"မင်းကိုဆပ်ရမည့် အ​ကြွေး​တွေအများကြီးကျန်​သေးပါလား...​နွေမဒီရယ်"

ဤစကားကို စိတ်ထဲကအကြိမ်ကြိမ်​ရေရွတ်မိ​ပေမဲ့...​နွေမဒီ လိုချင်တာ သူ့အချစ် တစ်ခုပဲ၊ ဤအချစ်ကပဲဒီအ​ကြွေး​တွေကိုရှင်း​ပေးနိုင်တာ သူမသိခဲ့ပါ

ရင်ထဲကိုထည့်ဖို့​နေရာမ​ပေးပဲ မဆန့်ဘူးမဆန်းဘူးဆိုပြီး ငြင်းဆန်​နေပြီး​တော့ သူ ဘယ်လိူများ ဤအ​ကြွေး​တွေကိုဆပ်မည်နည်း

အပြစ်​အ​ကြွေး (Our Fault)Where stories live. Discover now