အပိုင်း (၆)

2.9K 50 0
                                    

Present time ( ပစ္စုပန်ကာလ)

အိမ်တစ်အိမ်လုံးအနှံ့ အပြာ​ရောင်ပူ​ဖောင်း​တွေအပြည့်ချိတ်ဆွဲထားပြီး စားပွဲ​သောက်ပွဲ​တွေနဲ့စည်ကား​နေသည်

အိမ်ခန်းအလယ်တွင် ၃ နှစ်အရွယ် က​လေးမ​လေးတစ်​ယောက်ကပြုံး​ပျော်စွာ ဖြင့် ​​ကောင်းကင်ပြာ​ရောင်ကိတ်မုန့်​လေးကိုခွဲ​နေပြီး မဒီ က​တော့ ဤအဖြစ်အပျက်တစ်ခုခြင်းစီတိုင်းကို ဖုန်းဖြင့်မှတ်တမ်းတင်လျက်ရှိသည်

"ဝသုန်​လေးရဲ့ ​မွေး​နေ့ကို လာ​ပေးလို့ အားလုံးကို​ကျေးဇူးအများကြီးတင်တယ်​နော်"

"အို...မလိုပါဘူးကွယ်...က​လေး​တွေ​ပျော်​အောင်လုပ်​ပေးတဲ့ ဝသုန့်​မေ​မေကိုပဲ ​ကျေးဇူးတင်ရမှာ..."

"ဟုတ်တယ်..မဒီ လည်း ဝသုန်သူငယ်ချင်း​တွေနဲ့​ပျော်တာမြင်​တော့ ဝမ်းသာတယ်...​​နောက်လည်း ဒီ လိုလာလည်လို့ရ​အောင် စီစဥ်​ပေးဦးမယ်..."

"အမ​လေး...ပိုက်ဆံ​တွေကုန်ပါဦးမယ်...ကစားကွင်းတို့ဘာတို့ပဲသွားကြတာ​ပေါ့...မ​ကောင်းဘူးလား"

"ဟို...ကစားကွင်းကြ​တော့ ဝသုန့်​ဖေ​ဖေ က သူ မပါရင်မလွတ်ချင်ဘူး​လေ...အိမ်မှာပဲစိတ်ချတယ်တဲ့"

"​သြော်ဟုတ်လား...ဒါနဲ့ ဝသုန့်​ဖေ​ဖေ ကိုဒီ​နေ့မ​တွေ့ပါလား..."

"​သြော် သူခရီးသွား​နေလို့"

"သမီး​လေး​မွေး​နေ့ပြန်မလာဘူးလား"

"အမှီပြန်လာမယ်​တော့​ပြောတာပဲ ​လေယာဥ် ကြန့်ကြာ​နေလို့ထင်တယ် အခုထိမ​ရောက်​သေးဘူး"

"​အေး​ပေါ့...သူလည်းအလုပ်ရှုပ်တဲ့ကြားကသမီး​လေး​မွေး​နေ့အမှီပြန်လာရတာဆို​တော့ ပင်ပန်း​နေ​တော့မှာပဲ..."

"ဟုတ်တယ်..."

"ပြန်လာမှပဲပြုစုလိုက်​ပေါ့..."

"ဟုတ်ကဲ့"

"ဒါနဲ့ ​နောက်တစ်​ယောက်မယူ​သေးဘူးလား"

"ဘာကိုလည်းရှင့်..."

"​သြော်...မဒီ ကငယ်လည်းငယ်​သေးတယ် လှလည်းလှတယ် ဝသုန်​လေးလည်း သုံးနှစ်ရှိ​နေပြီဆို​တော့ ​က​လေး​နောက်တစ်​ယောက်ထပ်ယူပါလားလို့..."

အပြစ်​အ​ကြွေး (Our Fault)Where stories live. Discover now