Part 1

1.3K 16 0
                                    

🤴"နှင်းရေ.. ထတော့နော်ညီမလေး ကိုကိုရုံးမသွားခင်လိုက်ပို့ပေးမယ်လေ ထထ ညီမလေးကလိမ္မာတယ်"

👧"လာပြီကိုကိုရေ... ခနလေး"

နှင်းတစ်ယောက်နှုတ်ခမ်းနီလေးကိုအပြီးသတ်ဆိုးပြီး ကိုယ်လုံးပေါ်မှန်ရှေ့ဝတ်ထားတဲ့TUဝတ်စုံလေးကိုတချက်ပြင်ကာခန္ဓာကိုယ်လေးတစ်ပတ်ပတ်ကြည့်ပြီးစိတ်တိုင်းကျတော့ထွက်လာခဲ့လိုက်တယ်

🤴"ညီမလေးကနိုးနေတာလား ကိုကိုကအိပ်နေတယ်ထင်လို့ အကုန်တောင်ပြင်ဆင်ပြီးနေပြီပဲ"

👧"ဟုတ်တယ် ဒီနေ့ကိုကိုလိုက်ပို့မယ်ဆိုလို့ဟိုတခေါက်လိုနောက်ကျရင်ကိုကိုနဲ့တူတူမသွားရမှာစိုးလို့ ဟီး"

🤴"ဟုတ်ပါပြီ အဲ့တာဆိုရင်ကိုကိုကားပေါ်ကစောင့်နေမယ်နော် နှင်းက breakfast စားပြီးလိုက်လာခဲ့နော်"

👧"နှင်းမစား‌တော့ဘူး ဒီနေ့သူငယ်ချင်းတွေနဲ့ canteen မှာစားဖို့ချိန်းထားတယ် မြတ်နိုးမွေးနေ့ကုန်းဆင်းရမှာဟဲဟဲ"

🤴"ဟုတ်လား အဲ့တာဆိုလဲသွားမယ်လေ မာမီကျွန်တော်တို့သွားတော့မယ်နော်"

🧓"သွားတော့မို့လား မင်းဒယ်ဒီတော့အစောကြီးသွားပြီသားရေ သမီး breakfast စားသွားဦးလေ"

👧"မြတ်နိုးမွေးနေ့မို့သူငယ်ချင်းတွေနဲ့အပြင်မှာစားမှာမာမီရဲ့"

🧓"ဪ အဲ့လိုလား အေး‌အေးအဲ့တာဆိုလဲသွားလေ သားကားကိုဖြေးဖြေးမောင်းနော် သားညီမလေးကိုလဲဂရုစိုက်လိုက်ပါဦး"

🤴"ဟုတ်မာမီ သားဂရုစိုက်လိုက်ပါ့မယ် bye"

တကယ်တော့နှင်းနဲ့ကိုကိုနဲ့ကဘာမှမတော်တဲ့မောင်နှမတွေပါ ဘာလို့ဆို ကိုကို့ဒယ်ဒီနဲ့နှင်းမာမီနဲ့၂ယောက်လုံးက ဒုတိယအိမ်ထောင်ဖက်တွေလေ နှင်း၃နှစ်အရွယ်ထဲကနှင်းဒယ်ဒီက car accident တစ်ခုနဲ့ဆုံးပါးသွားခဲ့တာ နှင်း၅နှစ်ကျောင်းတက်တဲ့အရွယ်မှာဒယ်ဒီနဲ့မာမီလက်ထပ်လိုက်ပြီးနှင်းကိုဒယ်ဒီကပဲကျောင်းထားပေးခဲ့တာ အဲ့တုန်းကကိုကိုကအသက်၁၀နှစ်ရှိနေတော့ကိုကို့ဖေဖေနောက်မိန်းမယူတာကိုဘာမှမပြောပေမယ့်အဲ့နေ့ကဟန်ဆောင်ပြီးပြုံးနေတာကိုတော့နှင်းသိနေခဲ့ပါတယ်

မောင့်အတွက်နိုးထလာတဲ့'မ'ရဲ့ရင်ခုန်သံWhere stories live. Discover now